Part 77

189 23 0
                                    

77 01

အပိုင်း (77)

ဖီးလစ်က သူ၏ လူများနှင့်အတူ ထွက်ခွာသွားသည်။

ရိပ်က ထိုင်ခုံတွင် ထိုင်လျက် လက်ထဲမှ ပျားရည် လက်ဖက်ရည်ကြမ်းကို ထိုင်ကြည့်နေမိသည်။ သူက နောက်ထပ် ဆယ်နှစ်ခန့် အိုစာသွားသလို ခံစားလိုက်ရသည်တာ့ယိက အနောက်မှ ထွက်လာပြီးနောက် မေးသည်။

"ဒေါက်တာ၊ ဒေါက်တာဖီးလစ်က မှန်တယ်လို့ ထင်လား၊ ကျွန်တော်ဆိုလိုတာက Ymက တကယ်ပဲ ဒါကို ဖန်တီးနိုင်လား"

ရိပ်က မ​ဖြေချေ။ သူက ခွက်ကိုသာ စိုက်ကြည့်နေပြီး တစ်ခဏခန့်ကြာပြီးနောက် မေးသည်။

"တာ့ယိ သူ့မှာ ကလဲ့စားချေဖို့ ဆန္ဒရှိမယ်လို့ ထင်လား"

တာ့ယိက မျက်မှောင်ကြုတ်သည်။

"ကလဲ့စားချေတယ်ဟုတ်လား၊ မဖြစ်နိုင်တာ၊ Ym က လူသားတွေလိုမျိုး ခံစားချက်မျိုး ရှိမယ်လို့ မထင်ဘူး၊ သူက ဒီအတိုင်း လူသားတွေရဲ့ ခံစားချက်က ဘာလဲဆိုတာကို နားလည်ဖို့ ကြိုးစားပြီး ခွဲခြမ်းစိတ်ဖြာကြည့်ရုံပဲ၊ သူက လူသားတွေရဲ့ နှလုံးသားကို ဖမ်းဆုပ်နိုင်တဲ့ လးတစ်ယောက် ဖြစ်လာနိုင်တယ်၊ ဒါပေမဲ့ ဂရုစိုက်မှာတော့ မဟုတ်ဘူး၊ ကလဲ့စားချေတယ်ဆိုတာက ခံစားချက်အရ ပြုမူတာမျိုးပဲ၊ ခံစားချက်မရှိတဲ့အခါ ကလဲ့စားချေဖို့ ဆန္ဒ ရှိလာမှာတောင် မဟုတ်ဘူး"

"ဟုတ်တယ် ဒါက ရှင်းပြချက်ပဲ၊ သူက လူသားဖြစ်တည်မှုတွေကို နားလည်နိုင်တယ်၊ ငါတို့ ဘာကိုကြောက်လဲဆိုတာကိုလည်း သိတယ်၊ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိ ဒါကို သုံးလာနိုင်တယ်"

ရိပ်က ခွက်ကို ချသည်။ ထိုသို့ဖြင့် သူက ဖီးလစ်နှင့် အလားတူသည့် အပြုံးမျိုးကို ပြုံးသည်။

"ယိ ဒါက ထိန်းချုပ်မှု လွတ်သွားပြီ၊ ဒါပေမဲ့အခု ဘယ်လိုနည်းနဲ့မဆို ငါတို့ ပြန်လည် ထိန်းချုပ်နိုင်အောင် ကြိုးစားရတော့မယ်၊ ဒါမှမဟုတ် ဖျက်ဆီးဖို့ နည်းလမ်းရှာရမယ်"

တာ့ယိက အံ့သြသွားသည်။

"ဒေါက်တာ ငါတို့အရင် ဖျက်ဆီးထားတဲ့ ကိစ္စတွေက ဘယ်လိုလဲ"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now