Part 4

1.7K 267 2
                                    

Unicode

အပိုင်း (၄) ပထမဆုံးသော သွေးစက် 

ကျန်းကျိရင်သည် ညွှန်ကြားချက်ရလာသည့်အတိုင်း အစ်ကိုဖေးဆီသို့ သွားလိုက်သည်။ အစ်ကိုဖေးသည် ဂီမ်းထဲမှ အတိုင်းပင် အလုပ်ရှုပ်နေဆဲဖြစ်လေသည်။ သူသည် ကျန်းကျိရင်အား ထွက်ခွာရန် ပြင်ဆင်နေသော အဖွဲ့ထဲသို့ ချက်ချင်း သွင်းပေးလိုက်၏။ 

ကျန်းကျိရင်မှာ အခြေအနေကို ဘာမှ ရှင်းရှင်းလင်းလင်းနားမလည်နိုင်လိုက်ခင် အဖွဲ့ထဲရောက်သွားပြီး ထွက်ခွာခဲ့ရလေသည်။ လမ်းတစ်ဝက်တွင် ရုတ်တရက် လမ်းကြောင်းက မှန်မနေသလို ခံစားလာရသည်။ ထို့ကြောင့် ကပ္ပတိန်၏ ပုခုံးကို ပုတ်၍ မေးသည်။ 

“အစ်ကိုကြီး ကျွန်တော်တို့ ဘယ်သွားကြမှာလဲ” 

“ရွင်ဖာ စူပါမားကတ်” 

ကပ္ပတိန်က တိုတိုပြတ်ပြတ် အဖြေပေးလိုက်သည်။ 

ကျန်းကျိရင် “...” 

ဂိမ်းထဲတွင်ဆိုလျှင် သူယခု ရှိနေသော M မြို့တော်တွင် ရွင်ဖာ စူပါမားကပ် တည်ရှိပြီး ထိုစူပါမားကတ်သည် high-level boss ရှိသည့် တစ်ခုတည်းသော နေရာဖြစ်သည်။ မြို့တော်တစ်ခုလုံးတွင် ထိုနေရာတွင်သာ level 20 boss ရှိလေသည်။ 

ယခုလေးတင်မှ ဂိမ်းကစားရန် ဝင်လာသော ကစားသမားများသည် ဤအခြေအနေကို မည်သို့မျှ ကိုင်တွယ်နိုင်ကြမည် မဟုတ်ပေ။ ကစားသမားများ M မြို့တော် မှ ထွက်ခွာသွားပြီး လယ်ဗယ်မြင့်လာသည့် အချိန်မှသာ အုပ်စုဖွဲ့၍ ဘော့စ်ကို ဖြေရှင်းရန် ပြန်လာကြမည် ဖြစ်သည်။ 

ဤကမ္ဘာ၏ ပုံစံသည် အတော်လေး အစစ်အမှန်ဆန်ပြီး ပြီးပြည့်စုံသည် ထင်ရသော်လည်း ကျန်းကျိရင်မှာမူ ဤကမ္ဘာ၏ ဆက်တင်သည် ဂိမ်းထဲမှ အတိုင်းသာ ဆက်သွားနေသလို ခံစားနေရဆဲဖြစ်သည်။ 

သူသည် ဆက်သွားနေရင်း အလွန်စိတ်ပူလာသည်။ သို့သော် ကျန်းကျိရင် အတွေးတို့က ဒီအတိုင်း သာမန်ထက် လွန်ကဲနေရုံသာ ဖြစ်နေမည်ဟု မည်သူက ထင်ပါမည်နည်း။ သူတို့အဖွဲ့ ရွင်ဖာစူပါမားကတ်သို့ မရောက်ခင်မှာပင် သူတို့အနီးတွင် ဇွန်ဘီများ တဖြည်းဖြည်း ပို၍ များလာသည်ကို သိလိုက်ရသည်။ ထို့နောက်တွင် သူတို့ကားက ဇွန်ဘီအုပ်လိုက်ကြီးအလည်တည့်တည့်တွင် အဝိုင်းခံလိုက်ရလေပြီ။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now