Part 95

232 21 0
                                    

95 01

အပိုင်း (95)

မနက်ဖြန်လောက ထဲတွင်....

ကျန်းကျိရင် မသိသော ကိစ္စတစ်ခု ရှိသည်။ အမှောင်အစောင့်များက စကားအမိန့်မျိုးထက် စိတ်အမိန့်ဖြင့် ဆက်သွယ်နိုင်စွမ်းရည် ရှိသည်။ တစ်စုံတစ်ယောက်က စကားပြောသောအခါ သူတို့၏ ဦးနှောက်ထဲတွင်လည်း တူညီသော တုံ့ပြန်မှုမျိုးက ထွက်ပေါ်လာသည်။ ဥပမာအားဖြင့် တစ်စုံတစ်ယောက်က စားဆိုသော စကားကို ပြောချိန်တွင် သူတို့၏ စိတ်ထဲတွင် စားသောက်နေသော ပုံက ပေါ်လာတတ်သည်။ ယခင်တစ်ခေါက်က ဖုတ်ကောင်များက သူ၏ အမိန့်ကြောင့် ပတ်ပြေးသော အချိန်တွင်လည်း သူတို့၏ စိတ်အတွင်း အသံကို တုန့်ပြန်သည်ထက် အမိန့်မျိုးပေးသည်ဆိုသော အနေအထားမျိုးကို လက်ခံရရှိသောကြောင့် စိတ်ထဲတွင် ပေါ်လာသော ပုံအတိုင်း လိုက်လုပ်ခြင်း ဖြစ်သည်။

ကျန်းကျိရင်က မနက်ဖြန်လောကနှင့် Eဓာတ်ခွဲခန်းမှ လူတစ်ယောက်ကြောင့် ဖြတ်တောက်ခံလိုက်ရသောအခါ တားမြစ်ဒေသကို စောင့်နေသော အမှောင်အစောင့်များက ရုတ်တရက် သူတို့၏ သခင်နှင့် ဆက်သွယ်မှု ပျောက်ဆုံးသွားပြီး မလှုပ်နိုင်တော့သော အနေအထားမျိုးသို့ ရောက်သွားသည်။ တစ်ယောက်ချင်းစီတိုင်းက သစ်သားရုပ်တု၊ ရွံ့စေးရုပ်တုများကဲ့သို့ လှုပ်ရှားမှုမရှိဘဲ ထိုတားမြစ်နယ်မြေတွင် ဒီအတိုင်း မျက်နှာသေဖြင့် ရပ်နေကြခြင်း ဖြစ်သည်။

တားမြစ်ဒေသထဲတွင် ရှိနေသော မိုးကြိုးအဖွဲ့ကလည်း ရုတ်ချည်းဆိုသလို ပုံမှမဟုတ်လွန်းသော အနေအထားကို သိပ်မကြာခင် ရှာတွေ့သွားကြသည်။ သူတို့က နောက်ထပ်ပို၍ ဆိုးရွားကာ အန္တရာယ်များလွန်းသည့် အခြေအနေကို ရှာတွေ့သွားသည်။

"ခေါင်းဆောင် ပျောက်နေတယ်"

သာ့တောင့်နှင့် ချန်းကွမ်းတို့က အကောင်းဆုံး ကြိုးစားပြီး အဖွဲ့၏ စိုးရိမ်စိတ်ကို ဖြေသိမ့်ပေးသည်။ တစ်ချိန်တည်းတွင်ပင် သူတို့က ကျန်းကျိရင် ရှိနေသော နေရာကို လူအများက ရှာဖွေခိုင်းသည်။ သို့သော် ကျန်းကျိရင်က ထွက်သွားသောအခါ သူက မည်သည့်နေရာသို့ သွားပြီး မည်သည့် အကြောင်းအရာကို လုပ်ကြောင်း မသိသဖြင့် သူတို့၏ လက်ရှိ အခြေအနေအရ အဆိုးရွားဆုံး အခြေအနေကို မတွေးမိသေးချေ။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now