Part 79

184 19 0
                                    

79 01

အပိုင်း (79)

တာ့ယိက ကျန်းကျိရင်အတွက် လေယာဥ်လက်မှတ် ဖြတ်ပေးသည်။ သူကိုယ်တိုင်ကလည်း အမြန်ဆုံး အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားလိုက်၏။

ဖုန်းထဲမှ တာ့ယိက လှမ်းပြောသည်။

"ဒါက ယင်ညန်ကြောင့်မှန်း ငါသိတယ်၊ ဒါကြောင့် မင်းလည်း ဒီကိုလာသင့်တယ်၊ ငါတို့က ပန်းတိုင်တူနေတာပဲ၊ ဒီတော့ ငါတို့အားလုံးသူ့ကို ပြန်ရှာချင်နေကြတာမဟုတ်လား"

ထိုကိစ္စက ထူးဆန်းနေသည်။ ကျန်းကျိရင်ကိုယ်တိုင်ကလည်း ရွေးချယ်စရာ မရှိတော့ဘဲ တာ့ယိပြောသော စကားများအတိုင်း လုပ်လိုက်ရသည်။ အခြားသူတစ်​ယောက်ကိုလည်း အားကို၍မရနိုင်တော့ချေ။

သူကိုယ်တိုင်ကလည်း အစပိုင်းကတည်းက သူတို့၏ ရပ်တည်မှုက ဆန့်ကျင်ဘက် ​ဖြစ်နေကြောင်း သိခဲ့သည့်တိုင်အောင် ရွေးချယ်စရာမရှိဘဲ ထိုသို့ လုပ်လိုက်ရသည်။

တာ့ယိက သူ့ကို လေဆိပ်တွင် လာ​ခေါ်သည်။

သူ့ကို မြင်လိုက်သည့်တစ်ခဏတွင် ကျန်းကျိရင်က မနေနိုင်ဘဲ တိုက်ရိုက်မေးလိုက်သည်။

"ယင်ညန် ဘယ်မှာလဲ၊ မင်းတို့သူ့ကို တစ်ခုခု လုပ်လိုက်တာလား၊ သူအဆင်ပြေရဲ့လား"

တာ့ယိက ခေါင်းညိတ်သည်။ ထို့နောက် ခေါင်းပြန်ခါပြန်ကာ ဖြေသည်။

"ငါတို့က သူ့ကို တစ်ခုခု လုပ်ခဲ့တာ မဟုတ်ဘူး၊ ငါတို့မှာ အဲဒီလို စွမ်းအား မရှိပါဘူး၊ ငါတို့က ဒေါက်တာရိပ်ကိုပဲ သေသေချာချာ ရှင်းပြဖို့ စောင့်ရတော့မယ်၊ သူကလည်း မင်းကို တွေ့ချင်နေတာ၊ မင်းရဲ့ယင်ညန်က မရှိတော့ဘူး၊ ဒါပေမဲ့ သူအဆင်ပြေမှာပါ၊ ဒါတွေအားလုံးက မင်းနဲ့ သက်ဆိုင်နေတယ်"

ကျန်းကျိရင်က သူ့ကို ပြန်မဖြေခဲ့ချေ။ နေရာတွင်သာ ဆွံ့အစွာ ရပ်နေခဲ့သည်။

သူတို့က တာ့ယိကနေသော သုတေသနဌာနသို့ တိတ်တဆိတ် သွားလိုက်ကြသည်။ တာ့ယိက သူ၏ ကတ်ကိုဆွဲလိုက်ပြီးနောက် လက်ဗွေရာဖြင့် အတည်ပြုပြီးမှသာ ကျန်းကျိရင်ကို ဓာတ်လှေကားထံသို့ ခေါ်သွားသည်။ ထို့နောက် ပြောသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...जहाँ कहानियाँ रहती हैं। अभी खोजें