Part 38

916 162 3
                                    

38 01

အပိုင်း (၃၈)

ယင်ညန် ထိုနေရာတွင်ပင် ရပ်နေပြီး သူနှင့်ဆန့်ကျင်ဘက်တွင် ရပ်နေသူကို တည်ငြိမ်စွာ မေးလိုက်သည်။

"မင်း ပြိုင်ရဲလား"

သူ့အသံသည် အလွန်ကို ရိုးရှငး်ပေါ့ပါးနေပြီး နည်းနည်းလေးမှ အရေးကြီးကိစ္စပြောနေပုံမပေါက်နေပေ။ မသိလျှင် ဒီနေ့ စားပြီးသွားပြီလားဟု မေးနေသည့်နှယ်။

သို့သော် တစ်ခြားသူများ၏ အမြင်တွင် ဤသည်မှာ ထိပ်တိုက် ရန်စလိုက်ခြင်းဖြစ်သည်။ နောက်ဆုံးတွင် ဝမ်ဖုန်းသည် အခြေစိုက်စခန်းမှ သိက္ခာရှိ ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။ သူ့အမူအယာက ယင်ညန်စကားကို ကြားချိန်တွင် အလွန်ရုပ်ဆိုးသွားပြီး ကြည့်ပျော်ရှုပျော်ဖြစ်အောင်ကို မျက်နှာထားကို မပြင်နိုင်လောက်အောင် ဖြစ်သွားသည်။

စခန်းခေါင်းဆောင်ဘေးတွင် ရပ်နေသော စုန့်လဲ့သည် လန့်ဖြန့်ပြီး နဖူးမှ ချွေးများ သုတ်လိုက်သည်။

"ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ဗျာ ဒေါက်တာက ဒီအတိုင်းပဲဗျ"

ဤသည်မှာ သူပြောသည့် စကားဖြစ်ပြီး သူ့စကားထဲတွင် သူ့လူကို နည်းနည်းမှ ပြန်ဆွဲခေါ်ဖို့ ရည်ရွယ်ချက်မရှိသလို အခြေအနေကို ဖျန်ဖြေဖို့လည်း ရည်ရွယ်ချက်မရှိပေ။ ထိုသူများကို ကြောင်တောင်တောင် ပြုံး၍ ကြည့်နေရုံသာဖြစ်ပြီး စခန်းခေါင်းဆောင်ကို "ဒေါက်တာက အမြဲတမ်း ဒီလိုပဲ" ဟူ၍ ချွေးသိပ်ခဲ့သည်။ သူ့အကြည့်အပြုံးတို့ကို ဘာသာပြန်ရလျှင်

"ဒေါက်တာက အမြဲ ဒီအတိုင်းပဲ ကျွန်တော် တစ်ခုခု ဝင်လုပ်ပေးနိုင်တာ မရှိဘူး ကျေးဇူးပြုပြီး နားလည်မှုရှိရှိနဲ့ ကျွန်တော့်ကို ဆွဲမထည့်ပါနဲ့"

တစ်ခနလောက် စခန်းခေါင်းဆောင်သည် သူတို့ကို မည်သို့ တားရမှန်းမသိ ဖြစ်သွဦးသည်။

လက်ရှိ စခန်းတွင် အဆင့်ခြောက် စွမ်းအားရှင် များများစားစားမရှိပါချေ။ ဝမ်ဖုန်းသည် လူနည်းစုထဲမှ တစ်ယောက် ဖြစ်ကာ သူ့အမိန့်ကိုသာ တိုက်ရိုက်နာခံရသည့် တပ်ခွဲခေါင်းဆောင်ဖြစ်သည်။ ဤသို့သော အသေးအမွှား ကိစ္စလေးမျှနှင့် ဝမ်ဖုန်းကို စခန်းမှ ထုတ်ဖို့ လုံးဝကို ဆန္ဒမရှိပေ။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now