Part 6

1.5K 257 0
                                    

Unicode
အပိုင်း (၆) စား 

ကျန်းကျိရင်တစ်ယောက် ချစ်ခြင်းမေတ္တာ items တို့ အတန်းလိုက်ပြထားသော ပေ့ချ်ကို ဆယ့်သုံးခေါက်လောက် ကြည့်နေမိသည်။ အဆုံးတွင် အံကြိတ်၍ အမြဲတမ်းဝယ်နေကျဖြစ်သော items များကိုသာ ရွေးဝယ်လိုက်သည်။ 

“အပြန်အလှန်ချစ်ခြင်း/ နှလုံးသားထဲ အဆုံးထိချိုမြိန်သွားမဲ့ အချစ်လေး/ မင်းလက်ဖျားလေးမျာ အရည်ပျော်သွားတော့မဲ့ ငါ့နှလုံးသားလေး/ မင်းပါးစပ်ထဲမှာ ငါ့ကို အရည်ဖျော်လိုက်ပါတော့” 

တစ်ချို့သော ကိစ္စများအတွက် အခွင့်အရေးတစ်ခု လွဲချော်သွားလျှင် နောက်ထပ် အခွင့်အရေးရ ဘယ်တော့မှ ပြန်ရတော့မည်မှာ မသေချာတော့ပေ။ ဘော့စ်ရင်အား ပြတ်နိုင်ဖို့ဆိုသည်မှာ သူ့အတွက် ဘယ်သောအခါမှ မဖြစ်နိုင်လောက်သည်ကို သူသေချာသိသည်။ 

အကယ်၍သာ အိပ်မက်ကဲ့သို့ ထိတ်လန့်ဖွယ်ကောင်းသော <Tomorrow> အစစ်အမှန်ကမ္ဘာကဲ့သို့ တကယ့်အစစ်အမှန်သာ ဖြစ်မနေခဲ့လျှင် သူသည် စိတ်ဆုံးဖြတ်ပြီးသည့်အတိုင်း ဘော့စ်အား ဘယ်သောအခါမှ မတွေ့တော့ဖို့ လုပ်လိုက်တော့မှာ ဖြစ်သည်။ သို့သော် ထူးဆန်းသော အခြေအနေပေါင်းစပ်မှုများကြောင့် လက်တွေ့ဘဝကဲ့သို့ အိပ်မက်ကမ္ဘာကြောင့် သူ၏ ဆုံးဖြတ်ချက်ကို ဘေးဖယ်၍ ဂိမ်းထဲသို့ နှစ်ရက်ဆက်တိုက် ဝင်၍ ဒေါက်တာဝိုင်ကို နှစ်ကြိမ်ဆက်တိုက် တွေ့ခဲ့ရလေသည်။ 

ဤဖြစ်ရပ်တွင် ထိုသူကို နှုတ်ဆက်စကားပြောရန် သူ့စိတ်က အဆင်သင့်မဖြစ်သေးခဲ့ပါချေ။ ကျန်းကျိရင် ခေါင်းယမ်း၍ ရယ်မောလိုက်သည်။ စခရင်ထဲမှ လူသေးသေးလေးကို ရှေ့တိုးသွားရန် ညွှန်ကြားလိုက်ပြီး လုပ်နေကြအတိုင်း ချောကလက်ကို မြေပြင်ပေါ်သို့ ချလိုက်ကာ စာရိုက်လိုက်သည်။ 

“ဒီနေ့လည်း အရင်လိုပဲ ချစ်တယ်နော်” 

ပုံမှန်အတိုင်းပင် ဒေါက်တာဝိုင်က မတုံ့ပြန်ခဲ့ပေ။ ကျန်းကျိရင် ခေါင်းကုတ်၍ ထရပ်လိုက်ကာ ရေချိုးရန် ပြင်တော့သည်။ ယနေ့သည် ပိတ်ရက်သာဖြစ်သောကြောင့် သူ အလုပ်သွားရန် မလိုသေးပေ။ ဘော့စ် လုံးဝ တုံ့ပြန်မလာသည်မှာလည်း ကောင်းသည့် အချက်ဖြစ်သည်။ အကောင်းဘက်က တွေးကြည့်လျှင် ဘော့စ်က သူ့ကို ဘယ်သောအခါမှ ကတ်တစ်ကတ် ပေးလာမည်မဟုတ်သလို ဘယ်သောအခါမှ သူ့ကို ငြင်းဆန်လာမည်လည်း မဟုတ်ကာ သူ့အပေါ်လည်း အမှားလုပ်မှာ မဟုတ်ပေ။ 

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now