Part 75

209 29 0
                                    

အပိုင်း (75)

မဟာမိတ်အစည်းဝေးပွဲ၏ တတိယနေ့တွင် ဆွေးနွေးမှုများက ပို၍ ပြင်းထန်သထက် ပြင်းထန်လာသည်။ ဒါကလည်း အစည်းဝေးပွဲတစ်ခုလုံးတွင် ကျန်းကျိရင်တို့အားလုံး ဝင်ရောက်ကာ ပါဝင်ဆင်နွဲပြီး ပြောရေးဆိုခွင့်ရှိလာသည့် တစ်ခုတည်းသော အစည်းဝေးပွဲလည်း ဖြစ်သည်။

"ပြောစရာတစ်ခုခုများ မရှိကြတော့ဘူးလား"

ပြောလိုက်သူက မဟာမိတ်အဖွဲ့ချုပ်မှ ဦးဆောင်ထားသော လူများထဲမှ တစ်ယောက်​ဖြစ်ပြီး အစည်းအဝေးပွဲကို ဦးဆောင်ဦးရွက် ပြုနေသူလည်း ဖြစ်သည်။ သူက လူအားလုံးကို အကဲခတ်ကြည့်လိုက်သည်။

"တကယ်လို့မရှိတော့ရင်..."

"နေပါဦး"

"လူကြီးမင်း မာအောင်းက ဘာများပြောချင်လို့လဲ"

မာအောင်းက မတ်တပ်ထရပ်သည်။

"ဒါက ကိစ္စဟောင်းပါ၊ ငါ့ရဲ့အစ်ကိုကြီး မာလိရဲ့သေဆုံးမှုနဲ့ ပတ်သက်တယ်"

"နှစ်တွေဒီလောက်ကြာသွားပြီ၊ ငါ့ရဲ့အစ်ကိုက missionတစ်ခုကြောင့် အပြင်ထွက်သွားရင်း အဆင့်မြင့် အဆင့်ဖုတ်ကောင်နဲ့ ဝင်တိုးလို့ သေသွားခဲ့တယ်လို့ ငါအမြဲတွေးထားခဲ့တာ၊ ပြောရရင် ဒါကလည်း မှန်တာပါပဲ၊ ဒါပေမဲ့ သိပ်မကြာခင်ကမှ ငါ့အစ်ကိုရဲ့အဖွဲ့က missionအတောတွင်း အံ့အားသင့်စရာကောင်းတဲ့ မှော်သစ်သီးတစ်လုံးရှာတွေ့ခဲ့တာကို ငါသိလိုက်ရတယ်၊ သူတို့က ဒီသစ်သီးကို ရှာဖွေကြည့်တော့ ဒီသစ်သီးက သာမန်အင်အားသုံး စွမ်းရည်အသုံးပြုနိုင်တဲ့ အသုံးပြုသူကို နောက်ထပ်စွမ်းရည်တစ်မျိုး ထပ်ရစေတယ်ဆိုတာကို တွေ့လိုက်ကြရတယ်၊ ဒါက ရေအခြေပြု စွမ်းအင်မျိုးပါပဲ၊ ငါရဲ့အစ်ကိုနဲ့ အသင်းဖော်တွေက သူတို့ရဲ့အသက်ကို ရင်းပြီး ရအောင်ယူခဲ့လို့ ကျန်တဲ့ ရှင်သန်နေသေးတဲ့ အသင်းဖော်တစ်ယောက်ကို ပေးပြီး အ​ခြေစိုက်စခန်းကို ပြန်ယူသွားခိုင်းခဲ့တယ်၊ ဒါပေမဲ့ အသင်းထဲမှာ ဒီလိုအခြေအနေရောက်တဲ့အခါ မကူညီဘဲ သစ်သီးကို ယုံကြည်ပြီး အပ်နှံခဲ့တဲ့သူကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့သူကလည်း ရှိနေခဲ့သေးတယ်၊ နောက် သူက သူ့ဘာသာ စားလိုက်တယ်၊ သူလိုချင်တဲ့အတိုင်း ရသွားခဲ့တဲ့အတွက် သူက အခုဆိုရင် နာမည်ကြီးတဲ့ ရေအခြေပြုစွမ်းအားသုံး အသုံးပြုသူ ဖြစ်နေပြီလေ"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now