Part 72

326 32 0
                                    

72 01

အပိုင်း (72)

ကျန်းကျိရင်အတွက် ထိုမတော်တဆမှုနှင့်ပတ်သက်ပြီး မှတ်ဉာဏ်က လတ်ဆတ်နေသေးသည်။ ထိုကိစ္စပြီးနောက် သူကိုယ်တိုင်ကလည်း အသေးစိတ် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အဆုံးမသတ်နိုင်သည့် အတွေးများကြောင့် နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်နိုင်ခဲ့ချေ။ ထိုကိစ္စကြောင့် သူကိုယ်တိုင်ကလည်း အလွန်အရေးကြီးသော လူတစ်ယောက်ကို ဆုံးရှုံးလိုက်ရသည်ဟု တွေးခဲ့မိဖူးသည်။ ထို့နောက်မှသာ ထိုလူက သူ၏ဘဝတွင် အရေးအကြီးဆုံးသူတစ်​ယောက်ဖြစ်ကြောင်း သိခဲ့ရ၏။ သူက အမှန်တကယ်အား​ဖြင့် ထိုလူကို မဆုံးရှုံးခဲ့ရချေ။

သူက ထိုအကြောင်းရာကို တွေးမိသောအခါ ကျန်းကျိရင်က အိတ်ကပ်ထဲသို့ လက်ထည့်လိုက်ပြီး ​ကြောင်ယင်ညန်လေး၏ တင်ပါးလေးကို ခပ်ကြမ်းကြမ်း ဆွဲဆိတ်လိုက်သည်။

လက်ရှိအနေအထားတွင် သူ့တွင် လုပ်ရမည့် ပို၍ အရေးကြီးသော ကိစ္စက ရှိနေသေးသည်။ ထို့ကြောင့် သူ့အနေနှင့် တစ်ဘက်သူများက ကစားပြလာမည့် လှည့်ကွက်အမျိုးအစားနှင့် ခန့်မှန်းမှုများက မှန်ကန်ခြင်းရှိမရှိ အတည်ပြုရဦးမည်ဖြစ်သည်။ ကျန်းကျိရင်၏ နောက်ခံက အလွန်ထူးခြားသည်။ မနက်​​ဖြန်လောကမှ သူ၏ ခန္ဓာကိုယ်က သူ့အပိုင်ဖြစ်နေသော်လည်း သူက ကစားသမား ကဏ္ဍကို ကိုင်ဆွဲထားသည်။ ထို့ကြောင့်သူက လောကမှ စည်းမျဥ်းပေါင်းများစွာကို လျစ်လျူရှုနိုင်သော အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ သေရာမှပင် ပြန်ရှင်လာနိုင်သေး၏။ ထို့အပြင်သူက item storeမှ ပစ္စည်းများကို ဝယ်ယူနိုင်ပြီး ဒီလောကမှ ထွက်ကာ အစစ်အမှန်လောကသို့ ပြန်နိုင်သည်။ အရာအားလုံးက ဂိမ်းထဲမှ ကစားသမားများ၏ ကာရိုက်တာပိုင်းအပေါ် မူတည်ကာဖြစ်လာခဲ့ခြင်းဖြစ်သည်။ ယင်ညန်က လောကကို ဖန်တီးတည်ဆောက်သောအခါ ဂိမ်းမနက်ဖြန်ကို ပြောင်းလဲခဲ့ပြီး ဝိသေသလက္ခဏာများကိုလည်း အစစ်အမှန်အဖြစ် ပြောင်းလဲလာခဲ့သည်။ ကျန်းကျိရင်က အပြင်လူဖြစ်သည့်အတွက်ကြောင့် ကစားသမားအဖြစ် မသင့်တော်တော့ချေ။ နဂိုကတည်းက ဒီမှာ ကစားသမားဖြစ်ထားသော လူများကသာ ဒီနေရာသို့ လာနိုင်ကြလေသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now