Part 70

380 43 0
                                    

70 01

အပိုင်း (70)

ဂိမ်းမှ ဇာတ်ကြောင်းကို တွေးကြည့်ပြီးနောက် ကျန်းကျိရင်က ရုတ်တရက် လီရွှင်ဖုန်းနှင့်ပတ်သက်ပြီး သူ့အား ကူညီနိုင်ကောင်းကူညီနိုင်လောက်မည့် အခြားလူတစ်ယောက်ကို တွေးမိလိုက်သည်။ ထိုလူက နံပါတ်၁အခြေစိုက်စခန်းကို တာဝန်ယူထားသော လူဖြစ်ပြီး အနောက်ပိုင်းဌာနမှ သိမ်းငှက်ခေါင်းဆောင်၏ ညီဖြစ်သူ ဖြစ်သည်။ ဂိမ်းထဲတွင် သူက တာဝန်ကိုထုတ်ပြန်ကတည်းက ခေါင်းဆောင်အစ်ကိုကြီးနှင့် နက်ရှိုင်းသော ဆက်စပ်မှု ရှိကောင်းရှိနိုင်လောက်သဖြင့် သူ့အား ဘယ်သောအခါမှ မမေ့ခဲ့ခြင်းဖြစ်သည်။

သာ့တောင့် ပြောသည်မှာ မှန်ကန်သည်။ လီရွှင်ဖုန်းက တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးသည်။ တစ်ချိန်တည်းတွင်ပင် သူက အပြစ်မကင်းမှုကို သေချာပေါက် ခံစားရကောင်း ခံစားနေနိုင်သည်။ နှလုံးသားထဲမှ အပြစ်မကင်းမှုကြောင့်အမြဲတစေ ကျန်းကျိရင်နှင့်ဆုံသောအခါ ပုံမှန်မဟုတ်သော အပြုအမူမျိုးကို ပြသနေပြီး ဖယ်ရှားလိုနေခြင်းဖြစ်သည်။ ထိုအချက်၃ချက်ကတင် သူ၏ အစစ်အမှန်မျက်နှာကို ဖော်ထုတ်ရန် အကျိုးပြုကောင်း ပြုနေနိုင်လေသည်။

အစည်းအဝေးပွဲပြီးနောက် နှစ်ပတ်ခန့်ကြာသောအခါ ဖိတ်ကြားစာက ယွင်လဲ့ထျန်း၏ ​သေဆုံးမှုသတင်းနှင့်အတူ ပို့လိုက်ပြီဖြစ်သည်။ အခြေစိုက်စခန်းနံပါတ် ၁က ဌာနချုပ်နှင့် အနီးဆုံးအခြေစိုက်စခန်းဖြစ်သည်။ ကိုယ်စားပြုသူများက သိပ်မကြာခင်ရောက်လာပေလိမ့်မည်။ ကျန်းကျိရင် လုပ်ရမည့် ကိစ္စက သူ၏ ယုံကြည်မှုကို အနိုင်ယူရန်ဖြစ်သည်။

ထိုမတိုင်ခင် သူက တစ်စုံတစ်ယောက်ထဲမှ အကူအညီလိုသေးသည်။ ဒီလောကတွင် သူ့ကိုကူညီနိုင်မည်မှာ သေချာနေသည့် တစ်ဦးတည်းသော လူသာလျှင်ရှိသည်။ ကျန်းကျိရင်က လက်ထဲတွင် ကြောင်လေးကို ပွေ့ထားပြီး အိမ်သို့ပြန်လာသည်။ ထို့နောက် တံခါးကို ပိတ်ပြီးနောက် အရင်ဦးဆုံးသတိပေးလိုက်သည်။

"ယင်ညန် မင်းဒီနေ့ငါ့ကို ကြောင်အဖြစ်ပြောင်းလို့မရဘူး၊ ငါဒီနေ့ မင်းကို အရမ်းအရေးကြီးတဲ့ ကိစ္စတစ်ခုကို ပြောရမယ်"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now