Part 48

825 125 0
                                    

အပိုင်း (၄၈)

ဒေါက်တာဝိုင်၏ စမ်းသပ်ခန်းရှိရာ တလျောက် လမ်းလျှောက်နေရင်း ယွီဟောက် လေ့သွမ့်ကို ကပ်မေးလိုက်သည်။

"လေ့ကော ဒေါက်တာဝိုင်က ဘာအမိန့်တွေ ထပ်ပေးပြန်ပြီလဲ"

လေ့သွမ့် "ငါလည်း မသိဘူး"

ယွီဟောက်သည် သူ၏ လုပ်ဆောင်ချက်များက ဒေါက်တာဝိုင်လိုချင်သော ရည်မှန်းချက်တို့နှင့် ဘယ်သောအခါမှ မကိုက်ညီခဲ့သည်ကို သတိထားမိခဲ့သည်။ ထို့ကြောင့်ပင် သူသည် အကြိမ်ကြိမ်အခါခါ ဆင့်ခေါ်ခြင်းခံရတတ်ပြီး တစ်ခါခေါ်တိုင်းလည်း အလွန်အမင်း စိတ်လှုပ်ရှားတတ်လာသည်။

တံခါးကို တွန်းဖွင့်လိုက်သော် မှန်တံခါးနောက်တွင် ရပ်နေရင်း သူတို့ကို အေးစက်စက် ကြည့်နေသော ဒေါက်တာဝိုင်ကို မြင်လိုက်ကြသည်။

"Lab E(ဓာတ်ခွဲခန်း E)မှာ ရှိတဲ့ လူတစ်အုပ်က ဘာဖြစ်ကြတာလဲ"

ဒေါက်တာဝိုင် တည့်တိုးမေးလိုက်သည်။

သန္ဓေပြောင်းများကို ဖန်တီးခဲ့သော လူတစ်စုသည် Lab E မှ ဖြစ်သည်။ ထိုအချိန်တွင် မိုးတိမ်မဟာမိတ်တပ်ပေါင်းစုသည် သူတို့၏ တည်ရှိမှုကို သတိမထားခဲ့မိကြသေးပေ။ ယွီဟောက် ထပ်တလဲလဲ တွေးကြည့်ပြီး သတိကြီးကြီးဖြင့် ဖြေလိုက်သည်။

"ဒေါက်တာ ရဲ့ ညွှန်ကြားချက်အတိုင်းပဲ ကျွန်တော်တို့ သူတို့ရှိနေတာကို မသိသလို ဟန်ဆောင်နေပြီး လုပ်ချင်တာ လုပ်ခွင့်ပေးထားပါတယ်"

ယင်ညန် မျက်လုံးမှိတ်၍ တွေးလိုက်ကာ

"သူတို့တွေ မုဝေါ မြို့နားမှာ အဖွဲ့ချုပ်လုပ်ထားတယ်ထင်တယ် တကယ်လို့ မင်းဘာမှ လုပ်စရာမရှိရင် တစ်ယောက်ယောက်ခေါ်သွားပြီး သူတို့ကို ပြဿနာနည်းနည်းလောက် ပေးလိုက် အကုန်လိုက်ပြီးတော့ ဖျက်ဆီးစရာမလိုဘူး တစ်ချို့လောက်ကိုတော့ အသက်ရှင်ခွင့်ပေးခဲ့လိုက်"

ဒေါက်တာဝိုင် ဤသို့ အသေးစိတ်ကျသည့် ညွှန်ကြားချက်မျိုးကို တစ်ခါမှ မပေးဖူးရာ ယွီဟောက်မှာ နောက်ကွယ်က အကြောင်းအရင်းကို သိချင်လာသည်။ သူက ဒေါက်တာ့မျက်နှာ အခြေအနေကို ကြည့်၍ မေးခွန်းတစ်ခု မေးလိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now