Part 92

171 18 0
                                    

အပိုင်း (92)

အသင်းအဖွဲ့သား နံပါတ်၁မှ နံပါတ်၃ဟာ သူစိမ်းများ ဖြစ်သည်။ သူတို့က ဒီအတိုင်း လူစုကြပြီး တက်ကြွလှုပ်ရှားမှု instanceကို ဝင်ကစားရုံသာ ဖြစ်သည်။ ထို့နောက် ထိုထဲမှ တစ်ယောက်က ကျန်းကျိရင်နှင့် ခေါင်းဆောင်တို့၏ လွန်ကျူးစွာ ချဲ့ကားလွန်းသော ချစ်မြတ်နိုးမှု အမှတ်များကို ဓာတ်ပုံရိုက်ကာ ဖိုရမ်ပေါ် တင်လိုက်သည်။ အမှန်တရားကို သက်သေပြသော ဓာတ်ပုံဖြစ်ပြီး ထိုခေါင်းဆောင်ကို တိုက်ခိုက်ခဲ့သည့် vdအတိုလေးကိုပင် တင်ခဲ့သေးသည်။

ထို့နောက် အထိမခံဖြစ်လွန်းသော နာမည်"ဒီ​​​နေ့ငါ​တွေ့ခဲ့တဲ့ အသင်းဖော်နဲ့ ပြိုင်ဘက်ကင်းခေါင်းဆောင်တို့ရဲ့ ကြောက်စရာကောင်းတဲ့ ချစ်မြတ်နိုးမှု အမှတ်" ဆိုသော စာကိုပင် ရေးတင်လိုက်သေးသည်။

ကြည့်ရှုသူ များပြားလာချိန်တွင် ဂိမ်း၏ officialမှလည်း ဆွဲဆောင်သွားသည်။

မနက်ဖြန်၏ နည်းပညာဌာနမှ ထိုအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့သည်မှာ ၂နှစ်ပင် မကြာသေးသော ရှောင်းလော့ဆိုသောသူက အဖွဲ့ခေါင်းဆောင်ကို ကြည့်နေရင်း တုန်ယင်နေသည်။ သူက အဖွဲ့ခေါင်းဆောင်၏ စားပွဲနားတွင် ထိုင်နေလျက် တင်ပြနေခြင်းဖြစ်သည်။

"အခြား ဖြေရှင်းချက် မရှိတော့ဘူး၊ ကျွန်တော် တတ်နိုင်သမျှ နည်းလမ်းတွေအားလုံးကို ကြိုးစားပြီးပြီ၊ ဒါက bugပဲ၊ ဒါပေမဲ့ ပြင်ဆင်လို့ မရဘူး ဖြစ်နေတယ်၊ တစ်ခုလုံးသော နည်းလမ်းက ဂိမ်းတစ်ခုလုံးရဲ့ ပရိုဂရမ်ကို ပြန်လည်စတင်ဖို့ပဲ"

သူက ခေါင်းကို ငုံ့လိုက်သည်။ သူက ပြောလေလေ အသံက တိုးသွားလေလေ ဖြစ်သည်။

အခြားတစ်ဖက်တွင် ကျန်းကျိရင်ကမူ ထိုကိစ္စကြောင့် စိတ်လွတ်နေသည်။ သူက အလုပ်ပြီးနောက် အိမ်တွင် တစ်ယောက်တည်း ရှိနေပြီး လုပ်စရာကိစ္စလည်း မရှိတော့သည့်အခါ သူ၏စိတ်က မတည်ငြိမ်နိုင်တော့ချေ။ သူက ဂိမ်းထဲသို့ ပြန်ဝင်လိုက်ရသည်။

ဂိမ်းထဲတွင် အလွန်စည်ကားနေသည်။ သူက onlineတက်တက်ခြင်းဆိုသလို ဖုန်းခေါ်၏ အဖွဲ့ထဲသို့ ဆွဲသွင်းခံရသည်။ epicအဆင့် instance ထဲသို့ မတူဝင်လာကြသော လူများကလည်း ထိုအထဲတွင် ရှိနေကြသည်။ သူတို့က ကျန်းကျိရင်က ရောက်လာပြီး သူတို့ကို ခေါ်​​ဆောင်ခြင်းအားဖြင့် ထိုinstanceကို ဆက်စောင့်ရန် မျှော်လင့်နေကြသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now