Part 42

892 140 4
                                    

အပိုင်း (၄၂)

သို့သော် ယခုသည် နောင်တရနေရမည့် အချိန်မဟုတ်ပေ။ အဖွဲ့သုံး၏ ကပ္ပတိန်သည် မြန်မြန် ထပြီး ကျန်းကျိရင်ကို သွားရှာကာ ထိုကျောက်တုံးကို သလင်းအမြုတေများဖြင့် လဲရန် ကြိုးစားသည်။ သဘာဝကျကျပင် ကျန်းကျိရင် သဘောမတူခဲ့ပေ။

အဆင့်ငါး စွမ်းအားရှင်များအတွက် အဆင့်ငါးအောက် သလင်းအမြုတေများက ဘာမှ အသုံးမဝင်တော့ပေ။ ထို့အပြင် အဆင့်ငါးနှင့်အထက် အမြုတေများမှာလည်း အလွန်ဈေးကြီးလှသည်။ အဆင့်တစ်ဆင့်မြှင့်လာရန် သလင်းအမြုတေ အတော်များများ လိုအပ်သည်။ ဤသည်မှာ လူအများအတွက် မသင့်တော်သော ဈေးနှုန်းအချိုးဖြစ်သည်။

ကျန်းကျိရင် သူ၏ ငွေများကို နတ်ဘုရားအဆင့်ဝတ်စုံဝယ်ရန် သုံးလိုက်ခြင်း၏ အကြောင်းပြချက်လည်းဖြစ်ကာ ဤဝတ်စုံဝတ်ထားသည်ကပင် အမြုတေအများကြီးသုံးရသည်ထက် ပို၍ သက်သာသည်။

ရွေးချယ်စရာမရှိတော့ပေ။ အဖွဲ့သုံး၏ ကပ္ပတိန်သည် ထိုလူကို စိတ်မပျက်သွားစေချင်ပေ။ ထို့ကြောင့် သူတို့၏ ကြီးကြပ်ရေးမှူးအသစ်ကိုသာ သွားရှာခဲ့သည်။

"အဲတာပဲလား"

ဤသို့သော ရှားပါးဖြစ်ရပ်မျိုးတွင် ရှန်းရှီသည် စကားနည်းနည်းပိုပြောခဲ့သော်လည်း ချက်ချင်း မျက်မှောင်ကြုတ်သွားကာ

"မသိတဲ့နေရာက ရလာတဲ့ ပစ္စည်းတွေအားလုံးက အထက်ကို တင်ပေးလိုက်ရမှာ မဟုတ်ဘူးလား"

သူသည် ချက်ချင်း ကျန်းကျိရင်ကို ဆင့်ခေါ်လိုက်ပြီး သစ်သားကျောက်တုံးကို သိမ်းလိုက်သည်။ ရှေ့တန်းမှ စည်းမျဉ်းများသည် စခန်းမှ စည်းမျဉ်းများနှင့် လုံးဝ ကွာခြားသည်။ အန္တာရာယ်ကလည်း ပိုများရာ အားလုံးက စည်းလုံးစွာ တိုက်ခိုက်ကြမှ အောင်နိုင်လိမ့်မည်ဖြစ်သည်။

ရှေ့တန်းတပ်ဖွဲ့များသည် မတူညီသော အခြေစိုက်စခန်းများမှ စွမ်းအားရှင်များနှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ စစချင်းတွင် အကြောင်းမသိကြသေးဘဲ မကြာခန ပြင်းထန်သည့် မတော်တဆမှုများ ပေါ်တတ်သည်။ တဖြည်းဖြည်းနှင့် "ဖီဆန်သည်" ဟူ၍ နာမည်တပ်လိုက်ကာ ထိုသူများကို စာရင်းယူ၍ ရှေ့တန်းကို ပြင်းပြင်းထန်ထန် ကိုင်တွယ်လာသည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Unde poveștirile trăiesc. Descoperă acum