Part 33

1K 189 0
                                    

33 01

အပိုင်း (၃၃)

ကျန်းကျိရင် ဗိုက်ဆာလာသည်။ ယင်ရှောက်ရှန်းလေး နေ့တိုင်းစားနေသော နို့နှင့် စွပ်ပြုတ်တို့နှင့် တူညီသော အရာတစ်ချို့ကို စိတ်မထိန်းနိုင်ပဲ ချောင်းကြည့်မိသည်။ ထို့နောက် အထင်သေးဟန်ဖြင့် တစ်ဖက်သို့ လှည့်သွားသည်။

'ငါကတော့ မင်းကို နေ့တိုင်း ချောကလက်ကျွေးရတယ် ဒါပေမဲ့ မင်းက ငါ့ကျတော့ ဒီငါးပျော့စိတွေ ပေးတယ် လုံးဝ မတရားဘူး'

သေချာပါသည်။ ပထမဆုံး ချစ်မိသွားသော လူက သူ့စိတ်ကိုရော နှလုံးသားကိုပါ နာကျင်အောင် လုပ်လိုက်လေပြီ။

ကျန်းကျိရင် ယင်ညန်၏ လက်ဝါးထဲတွင် ကုပ်ကုပ်လေး ထိုင်နေပြီး သေးငယ်သော အသံသေးသေးလေးဖြင့် စိတ်ပျက်ကြောင်းအော်လိုက်သေးသည်။ သူ့အမူအယာလေးသည် လုံးဝကြီး နာကျင်ကြေကွဲနေပြီး သူ့ကို မတရားလုပ်လိုက်ပါသည်ဟူသော မျက်နှာပေးဖြင့် စိတ်ရောကိုယ်ပါ နာကျင်သွားရသည့်အလား ယင်ညန်ကို ရန်လိုစွာ ကြည့်သည်။

ကြောင်တစ်ကောင်ဖြစ်လာပြီးနောက်တွင် ကျန်းကျိရင်၏ အတွေးအခေါ်တို့သည် ပို၍ ငယ်ရွယ်သွားကာ လမ်းလွဲသွားပုံလည်းရသည်။

ဤသို့ဖြစ်နေသော သူ့ကို ကြည့်လိုက်ပြီး ယင်ညန်မှာ ချက်ချင်းပင် လက်မြောက်အရှုံးပေးလိုက်ရတော့သည်။ သို့သော် တစ်ချိန်တည်းမှာပင် နောက်ဆုံးတွင် ဤကမ္ဘာပေါ်၌ သူမသိသေးသော တစ်စုံတစ်ခု ရှိနေသေးကြောင်း သိလိုက်ရသည်။

ကြောင်တစ်ကောင်ဖြစ်လာသော ကျန်းကျိရင်ကို မည်သည့်အရာပေးသင့်သည်ကို လုံးဝ မသိပေ။

သို့သော် ကျိရင်၏ မျက်လုံးလေးများက အလွန်သနားစရာကောင်းနေသည်။

သူက သူ၏ ကျိရင်လေးကို ကောင်းကောင်း ပျိုးထောင်နိုင်မည့် စွမ်းရည်မရှိတာများလား

ယင်ညန် မျက်မှောင်ကြုတ်သွားပြီး ခနလောက် တွေးလိုက်သည်။ သူ၏ လက်ညှိုးထိပ်လေးကို သုံး၍ ကျန်းကျိရင်၏ ပါးစပ်သေးသေးလေးကို အသာလေးပွင့်သွားစေလိုက်ကာ သွားဖုံးလေးကို ထိကြည့်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now