Part 52

710 117 1
                                    

အပိုင်း (၅၂)

မုန့်ကာလီ သတိကြီးကြီးကပ်ပြီး ဘော့စ်အနားသို့ ကပ်လာကာ ဒေါက်တာအနီးတွင် အမှောင်ထုကြီးတစ်ခု သိသိသာသာ ဝန်းရံလာရအောင် မည်သည့်အရာများဖြစ်လာရသည်ကို သိချင်စိတ်ပြင်းပြနေသည်။

သူ တိတ်တိတ်လေး ထွက်သွားဖို့ လုပ်ချိန်တွင် ဘော့စ်က ပြောလာသည်။

"သူက ငါမဟုတ်တဲ့ ယောက်ျားတစ်ယောက်ကို ကောင်းချီးပေးဖို့ တောင်းဆိုလာတယ်"

မု့န်ကာလီ တကယ်ကို နားလည်သွားသည်။ သူနှင့် လေ့သွမ့်တို့ ဒေါက်တာ့တွင် ချစ်သူလေးတစ်ယောက် ရှိနေပြီး ဒေါက်တာက ထိုသူကို အလွန့်အလွန်ကို ချစ်မှန်းလည်း သိသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ဒေါက်တာသည် သူ့ချစ်သူကို စခန်းဆီသို့ တိုက်ရိုက်ပြန်ပေးဆွဲလာဖို့ကို အတင်းငြင်းနေခဲ့သည်။

ဤသည်ကို ကြားပြီးနောက် သူဆက်ပြီး ဒေါက်တာ၏ ချစ်သူအတွက် စိတ်မကောင်းသွားရသည်။

'သူက ဒေါက်တာ ဘယ်သူလဲဆိုတာ မသိဘူးလား'

ဤသို့သော စကားများပြောခြင်းသည် သေလမ်းရှာခြင်းသာဖြစ်သည်။

သို့သော် ဘာကိုများ စိုးရိမ်နေစရာရှိပါသနည်း။ အဲဒီယောကျ်ားကို မတော်တဆ သေအောင် ဖန်တီးလိုက်လျှင် ရနေသည်ကို အဘယ့်ကြောင့် ဒေါက်တာက စိတ်တိုနေပါသနည်း။

ဝိုင်သည် လွန်ခဲ့သော တစ်လက မုန့်ကာလီကို ယွီဟောက်၏ တပ်စခန်းတွင် တစ်လလောက်သွားနေရန် အပြစ်ပေးခဲ့သည်?

ဤတစ်ကြိမ်တင် သူ၏ လှုပ်ရှားမှုများနှင့် အတွေးများက ထိုဖက်အခန်းဆီသို့သာ ယိုင်နေကြတော့သည်။ (ယွီဟောက်ရဲ့ တပ်စခန်းက ဘာလာလာ သတ်ပစ်လိုက် ဖျက်ဆီးပစ်လိုက်ဆိုတော့ ကလေးက ဘာဖြစ်ဖြစ် သတ်လိုက်ရင် အေးတယ်ပဲ ဖြစ်သွားတာ)

ထို့နော်က သူသည် ဘော့စ်၏ မည်းမှောင်နေသော မျက်နှာဖြင့် ထုံးစံအတိုင်း အေးစက်ပြီး ကျော့ရှင်းသော မတူမတန်သလို ဝံ့ကြွားသော အသံကို ကြားလိုက်သည်။

"အဲဒီယောက်ျားကလည်း ငါပဲ"

'စိတ်တိုစရာကောင်းလိုက်တာ'

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now