Part 26

1K 198 4
                                    

26 01

အပိုင်း (၂၆) မှားယွင်းသွားသော တတိယမြောက် သွေးစက်

သူ့ရှေ့မှ ဖြစ်ပျက်သမျှ အရာအားလုံးကို ယင်ညန် တိတ်ဆိတ်စွာ ကြည့်နေသည်။ ပို၍ တိတိကျကျပြောရလျှင် အရာအားလုံးဆိုသည်ထက် အမျိုးသားတစ်ယောက်ကိုသာ ကြည့်နေပြီး မသိလိုက်စွာ နှုတ်ခမ်းကို ကိုင်ထားမိသည်။

ကျန်းကျိရင်ကို မည်သည့်အရာမျိုးကမှ ထိန်းချုပ်ထားတာမျိုးကို သူလုံးဝ မကြိုက်ပါ။ ထို့ကြောင့် ယမန်နေ့ညတုန်းက သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်အောင် လုပ်ခဲ့ခြင်းဖြစ်သည်။ ထိုလူသားလေး၏ မျက်လုံးများကို ညင်သာစွာ မှိတ်လိုက်ပုံလေးက သူ့အတွေးထဲ ပြတ်ပြတ်သားသား ပေါ်လာသည်။ သူ့အဝတ်တို့ကို ဆွဲဆုပ်ထားရင် "ယင်ညန်" ဟုခေါ်နေသည့် အသံလေးကို ကြားယောင်လာသည်။

သူကတော့ ထိုမြင်ကွင်း ထိုအသံလေးတို့ကို အချိန်အတော်ကြာအောင် တစိမ့်စိမ့် တွေးမိနေလောက်သည်။

သူ့မျက်လုံးများကို မှိတ်ချလိုက်သည်။ အမြဲတမ်းလုပ်နေကျအတိုင်းပင် ဒေါက်တာဝိုင်သည် ဤကုန်းမြေကြီးတွင် ဘယ်သောအခါမှ ပေါ်မလာဖူးသလို ပျောက်ကွယ်သွားပြန်သည်။ သူ့မျက်နှာထားသည် အေးစက်နေပြီး မျက်ဝန်းများက နက်ဆွေးနေသည်။ မည်သူကမှ သူဘာတွေးနေသည်ကို မသိရပေ။

ယခင်ကတည်းက မရှင်လင်းနိုင်ခဲ့သော ကျက်တီးမြေတစ်ခုလုံးကို ရှင်းလင်းပြီးနောက် ယွီလင်အခြေစိုက်စခန်းရှိ ကျန်းကျိရင်၏ ဂုဏ်သတင်းမှာ ပို၍ တိုးတက်လာသည်။ တစ်လကျော်လောက်ကြာပြီးနောက် အဖွဲ့သားများနှင့် ကျန်းကျိရင်တို့ ကင်းလှည့်နေကြသည်။

သူတို့နှင့် တဖြည်းဖြည်းချင်း ပို၍ ရင်းနှီးလာကာ သူတို့ကြားမှ ဆက်ဆံရေးသည်လည်း ယခင်ကထက် လိုက်လျောညီထွေဖြစ်လာသည်။ လမ်းတစ်ဝက်တွင် အစစ်အမှန်ကမ္ဘာသို့ ပြန်ရောက်သွားသည်။

ကျန်းကျိရင် ယင်ညန်ကို ချောကလက်သွားပေးလိုက်ပြီး <Tomorrow> ကမ္ဘာအစစ်အတွင် ဖြစ်ပျက်ခဲ့သမျှ ပြန်ဖောက်သည်ချတော့သည်။

"ကျွန်တော်တို့လေ အရမ်းအရမ်း စွမ်းအားကြီးတဲ့ စိတ်စွမ်းအားဇွန်ဘီကို ရှင်းခဲ့တာ သိလား အဲဒီဇွန်ဘီကလေ ကျွန်တော်တို့စိတ်ထဲ ဝင်ပြီး ထိန်းချုပ်နိုင်တယ်ဗျ"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now