Part 66

460 60 0
                                    

66 01

အပိုင်း (၆၆)

"ကျိရင် ငါ တောင်းပန်ပါတယ်၊ ငါ မင်းရဲ့သူငယ်ချင်း ဖြစ်ဖို့ မတန်ပါဘူး၊ ဒါပေမဲ့ ငါလည်း တကယ်ကို ဒီလိုအခြေအနေ ဖြစ်လာမယ်လို့ မမျှော်လင့်ထားခဲ့ဘူး၊ မင်းက သူ့အတွက် ထူးခြားတယ်လို့ပဲ ငါသိခဲ့တာ၊ ဒါပေမဲ့ 'Y'က မင်း နဲ့အတူရှိနေဖို့အတွက် ခန္ဓာကိုယ်တစ်ခု ဖန်တီးလိုက်မယ်လို့ မထင်ထားဘူး၊ မင်းက ဒီတိုင်းသာမန်လူလေ၊ ဒါကြောင့် ဒီကိစ္စထဲမှာ ဒီ့ထက်ပိုပြီး ဝင်မပါနဲ့တော့၊ သူက ဘယ်နည်းနဲ့မှ မင်းရဲ့ချစ်သူ မ​ဖြစ်နိုင်ဘူး"

ထိုအချိန်တွင် တာ့ယိက ခါးသည်းစွာ ပြုံးသည်။ သူက အိတ်ကပ်ထဲမှ ကတ်တစ်ကတ်ကို ထုတ်လိုက်ပြီးနောက် ကျန်းကျိရင်ကို ပေးသည်။

"ဒီလိုတိမ်းစောင်းမှု စဖြစ်တဲ့အချိန်ကတည်းက ငါ reportတင်ခဲ့ပြီး မင်းကို အထူးလက်ထောက် သုတေသနအ​ဖြစ် သတ်မှတ်လို့ မင်းအတွက် ဒေါ်လာတစ်သန်း လျော်ကြေးငွေ တောင်းခံခဲ့တယ်၊ ဒါကို အသိအမှတ်ပြုပြီးတာ ကြာလှပြီ၊ ဒါပေမဲ့ ငါ့မင်းကို ဘယ်လိုပေးသင့်မှန်း မသိခဲ့ဘူး"

"ဒီပိုက်ဆံကို ယူပါ၊ အိမ်တစ်လုံးဝယ်ပြီး မင်း တစ်ဘဝအတူ ကုန်ဆုံးနိုင်မဲ့ တစ်စုံတစ်ယောက်ကို ရှာလိုက်တော့၊ ကောင်လေးဖြစ်ဖြစ် ကောင်မလေးဖြစ်ဖြစ် အရေးမကြီးဘူး၊ လူသားဖြစ်ရင် ရပြီ၊ တကယ်ပါ ကျိရင်၊ ဒါက မင်းပိုင်ဆိုင်သင့်တဲ့ သာမန်ဘဝပါ"

ကျန်းကျိရင်က မတ်တပ်ထရပ် လိုက်သည်။ စားပွဲကို တစ်ပတ်ပတ်သွားပြီးနောက် တာ့ယိ၏ ရင်ဘတ်ကို ခပ်ကြမ်းကြမ်း လက်သီးဖြင့် ထိုးလိုက်ပြီးမှ ကတ်ကို ယူသည်။ သူ့တွင်လည်း စုထားသော ပိုက်ဆံရှိပြီ ဖြစ်ပြီး ဒီပမာဏနှင့်ဆိုလျှင် လုံလောက်လောက်ပေမည်။ ထို့အပြင် ဒါက သူ ခေါင်းဆောင်နှင့် တွေ့ခဲ့ကြောင်း သက်သေချက်လည်း ​ဖြစ်နေသေးသည့်အတွက် မယူရန် အကြောင်းပြချက် မရှိချေ။

ဖြစ်ပြီးသမျှက ဖြစ်ပြီးလေပြီ။ ကျန်းကျိရင်၏ ထင်မြင်ချက်အရ တာ့ယိက ထိုနှစ်က မည်သို့သော ရည်ရွက်ချက် ရှိနေစေကာမူ ရလဒ်က သူ့အတွက် အကောင်းဆုံး ဖြစ်လာခဲ့သည်။ ထို့ကြောင့် ဒီကိစ္စကို ဆက်ပြီးပြောရန် မဖြစ်သင့်တော့ချေ။ သို့သော် သူ အစိုးရွံ့ဆုံး ကိစ္စက ယင်ညန်ဖြစ်သည်။ သူကလည်း တာ့ယိ၏ လေသံမှတစ်ဆင့် အချက်တစ်ချက်ကို အာရုံခံမိခဲ့သဖြင့် ထိုအရာကို အတိအကျသိလိုသော မေးမြန်းလိုက်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now