Part 97

268 30 0
                                    

97 01

အပိုင်း (97)

မနက်ဖြန်လောကတွင် အဆင့်၆၀မှ ၁၀၀အထိ မကောင်းဆိုးဝါးများ အပြည့်ရှိနေသည့် နေရာကျယ်တစ်ခု ရှိသည်။ ထိုနေရာကို သေဆုံးခြင်း တောင်ကြားဟု ​ခေါ်သည်။ အတွင်းတွင် ဖုတ်ကောင်များ ပြည့်နှက်နေလေ့ရှိသည်။

ရှောင်ကျင်းက နေရာရွှေ့ပြောင်းသည့် ခလုတ်ကို နှိပ်လိုက်ပြီးနောက် ကံဆိုးလွန်းရှာသော တားမြစ်ဒေသထဲမှ အဖွဲ့ဝင်တိုင်းက သေဆုံးခြင်းတောင်ကြား၏ အနက်ရှိုင်းဆုံး အပိုင်းသို့ နေရာရွှေ့ပြောင်း ခံလိုက်ရသည်။ ဂိမ်းမှ ကိန်းဂဏန်းများ၏ တန်ကြေးနှင့် အဆင့်ဖြတ်ရမည်ဆိုလျှင် ထိုဖုတ်ကောင်များက အနည်းဆုံး အဆင့်၈၀ဖြစ်သည်။

သေချာစွာပင် ကြောက်စရာကောင်းသော ကိစ္စက အဆင့်မဟုတ်ဘဲ အရေအတွက် ဖြစ်သည်။

ထိုတစ်ခဏတွင် မဟာမိတ်အဖွဲ့ဝင်များက သစ္စာဖောက်ဟု သတ်မှတ်ထားကြသည့် မိုးကြိုးအဖွဲ့၏ အင်အားစုနှင့် ပူးပေါင်းလိုက်ရသည်။ သူတို့က ကျောခြင်း ကပ်လျက် အဆုံးအစမဲ့အောင် များပြားလွန်းသော ဖုတ်ကောင်များကို ရင်ဆိုင်နေရသည်။

အားလုံးဟာ တွေးတောနိုင်သည့်စွမ်းရည် ပျောက်ဆုံးသော အခြေအနေသို့ နီးကပ်နေကြသည်။ သူတို့ကမူ သူတို့၏ လက်နက်များကိုပင် မထုတ်နိုင်ကြတော့ဘဲ ကိုယ်အတွင်းမှ စွမ်းအားတိုင်းကို ညှစ်ထုတ်ကာ ရူးသွပ်စွာ ပြေးဝင်လာနေသည့် မျက်နှာချင်းဆိုင်မှ ဖုတ်ကောင်များကို ရင်ဆိုင်နေရသည်။ အစပိုင်းတွင်မူ သူတို့က သက်ရောက်မှုရှိသည့် တိုက်ကွက်များကို ထုတ်နိုင်နေခဲ့သည်။ သို့သော် တဖြည်းဖြည်းချင်း သူတို့၏အသင်းဖော်တစ်ယောက်က ဖုတ်ကောင်အုပ်ထဲသို့ ဆွဲခေါ်ချခံရပြီး မျက်စိအရှေ့တွင်ကြိတ်ခြေဝါးစားကာ ဆွဲဖြဲခံနေရသည့် မြင်ကွင်းကို မြင်လိုက်သည်။ ထိုတစ်ခဏတွင်ပင် အသက်ရှိနေသော သူများကလည်း အသက်ရှူရ ခက်သွားကြသည်။

သူတို့က ကမ္ဘာကပ်ဘေးအစသို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။ ထုံထိုင်းမှုနောက်တွင် ကြောက်လန့်မှုက ကပ်ပါလာသည်။ ၂နာရီဆိုသော ကာလက ရာစုနှစ်တစ်ခုနီးပါး ရှည်ကြာသွားခဲ့သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now