Part 29

1K 183 0
                                    

29 01

အပိုင်း (၂၉) မျှော်လင့်ချက်

သူတို့သည် အလယ်အလတ်အဆင့်လောက်ရှိသော အခြေစိုက်စခန်း နှစ်ခုကို ဖြတ်ကျော်လာကြသည်။ သို့သော် စခန်းများအားလုံးက သူတို့ကို လက်ခံရန် ယဉ်ကျေးစွာ ငြင်းဆိုခဲ့ကြပြီး သူတို့အနေနှင့် ပို၍ ကြီးမားသော စခန်းတစ်ခုခု ရှာတွေ့စေရန် မျှော်လင့်ကြောင်း ပြောခဲ့သည်။

တကယ်ကိုပင် အချိန်သည် မိုးတိမ်မဟာမိတ်တပ်ပေါင်းစု ထူထောင်မည့် ကာလသို့ နီးကပ်နေခဲ့ပြီဖြစ်သည်။ အဓိက အခြေစိုက်စခန်းကြီးများ၏ ခေါင်းဆောင်များနှင့် အကြီးအကဲများမှာ Level 6 ထိ ရောက်နေကြပြီဖြစ်ပြီး သူတို့ထဲမှ အနိမ့်ဆုံးမှာလည်း Level 5 ဖြစ်သည်။

အဆင့်လေး စွမ်းအားရှင်များကို အလယ်အလတ်အဆင့်အဖြစ်သာ သတ်မှတ်ကြပြီး အဆင့်နှစ်နှင့် အဆင့်သုံး စွမ်းအားရှင်များမှာ ထည့်ပြောဖို့ပင် မတန်သလို လုပ်ကြသည်။ သူတို့ အုပ်စုထဲမှ လူများထဲတွင် သုံးပုံတစ်ပုံကသာ စွမ်းအားရှင်များဖြစ်ပြီး အမြင့်ဆုံးမှာ အဆင့်လေး ဖြစ်ပြီး အားလုံးလိုလို ဒဏ်ရာရနေကြသည်က သနားစရာပင် ကောင်းနေသည်။

ကျန်သူများအားလုံးမှာ သာမန်လူများသာဖြစ်ကြပြီး သူတို့တွင် လက်နက်များလည်း လုံလုံလောက်လောက် မရှိကြပေ။ သူတို့မှာ သာမန်ပျမ်းမျှ အဆင့် အခြေစိုက်စခန်းများ လက်ခံနိုင်ရန်အတွက် အတော်လေး အဆင့်နိမ့်နေသည်ကတော့ အမှန်ပင်။ ထိုစခန်းများ သူတို့ကို လက်မခံလိုသည်မှာ သဘာဝကျပါသည်။

ဆယ်ရက်မြောက်... နောက်ဆုံးတွင် သူတို့သည် အတော်အသင့် ကြီးသည်ဆိုရမည့် "မျှော်လင့်ချက်" ဟူသော အခြေစိုက်စခန်းတစ်ခုသို့ ရောက်သွားသည်။ အရွယ်အစားကိုသာ ကြည့်လျှင် ယွင်ထျန်းအခြေစိုက်စခန်း၊ နံပါတ်တစ် အခြေစိုက်စခန်း နှင့် တစ်ကျော့ပြန်အခြေစိုက်စခန်း တို့ကဲ့သို့ ဧရာမ အခြေစိုက်စခန်းကြီးများနှင့်တော့ မယှဉ်နိုင်သော်လည်း ပထမတန်းစား အခြေစိုက်စခန်း တစ်ခုတော့ ဖြစ်နေသေးသည်။ သို့သော် သူတို့ကို ထပ်ပြီး ငြင်းခဲ့ပြန်သည်။

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now