Part 37

1K 185 4
                                    

37 01

အပိုင်း (၃၇)

ကျန်းကျိရင်သည် ရှေ့တွင် တစ်ယောက်တည်း လမ်းလျှောက်နေဆဲဖြစ်သည်။ သူသည် လုံးဝကြီး အတွေးထဲ နစ်နေသည်။

"ငါ အ ခု ပြီး သွား ပြီ- သက် ရှိ ယင် ညန် နဲ့ ဒီ လောက် ကြီး နီး နေ တာ ပ ထ မ ဆံ့း ပဲ- ငါ လေး ဘာ မှ မ ပြင် ဆင် ရ သေး ဘူး အ သက် ရှိ တဲ့ ယင် ညန် ကို ကြည့် ရ တာ ချည်း ကပ် ဖို့ လွယ် တဲ့ ပုံ မ ပေါ် ဘူး- ငါ တော့ ချက် ချင်း ဂိမ်း အို ဗာ ဖြစ် ပြီး အိမ် ပြန် ရောက် သွား တော့ မယ် ထင် တယ်"

သူ၏ ကိုယ်ပိုင် အတွေးကမ္ဘာထဲတွင် နစ်မြှပ်နေရာ ယင်ညန်တစ်ယောက် နောက်မှာ ကျန်ခဲ့သည်ကို မသိလိုက်ပေ။ မကြာခင်တွင် ယင်ညန်သည် ရှောင်ကျင်းတို့ နှစ်ယောက်နှင့် ပူးသွားတော့သည်။

ရေခဲရိုက်ထားသော အသံနှင့် ယင်ညန်က မေးသည်။

"ပိုပြီး အသေးစိတ်ကျကျ ပြောစမ်းပါ မင်းတို့ ကပ္ပတိန်နဲ့ အဲဒီ မျိုးရိုးယန်နဲ့ကြားမှာ ဘာဖြစ်ခဲ့တာလဲ"

ရှောင်ကျင်း "........"

'ဒီလို လူတွေနဲ့ နီးနီးမနေတတ်တဲ့လူတစ်ယောက်က အတင်းအဖျင်း ကြိုက်မယ်လို့ မထင်ထားဘူး'

ရှောင်ကျင်းသည် သူနှင့် ယင်ညန်ကြားမှ အကွာအဝေးက တဖြည်းဖြည်းချင်း ကျဉ်းလာသည်ကို ခံစားမိသည်။ သူသည် ယင်ညန်ကို ကပ္ပတိန်၏ နာကျင်ကြေကွဲဖွယ်ကောင်းသည့် အချစ်ဇာတ်လမ်းအကြောင်း သံနေသံထားနှင့် အသေးစိတ်ပြောပြလေတော့သည်။

သူ့အသံကို ဘာကြောင့် တိုးလိုက်မိသည်ကို ရှောင်ကျင်းမသိသော်လည်း သူ့အတင်းအဖျင်း၏ ဇာတ်လိုက်က ဤဇာတ်လမ်းကို လုံးဝ မကြားသင့်ဟု သူ၏ ဆဌမအာရုံကပြောနေသည်။

ယင်ညန်

"ဒီတော့...........မင်းတို့ ကပ္ပတိန်ကို လက်စွပ်ပေးတဲ့ တစ်ယောက်ကို မင်းတို့ကပ္ပတိန်က တစ်ချိန်လုံး တွေးနေတာပေါ့"

"ဟုတ်တယ် ဟုတ်တယ်"

ရှောင်ကျင်းက ခေါင်းညိတ်လိုက်သည်။

"ကားထဲမှာ ပြန်လည်ကုစားနေရတဲ့ အချိန်တုန်းက ကျွန်တော်တို့ သူ့ကို တွေ့ချင်ခဲ့တာ ကျွန်တော်တို့ တစ်ချို့အကြောင်းတွေ ပြောလိုက်တဲ့အချိန်ဆို ကပ္ပတိန်က လက်စွပ်ကို ခနခနကြည့်နေပြီး ဝမ်းနည်းတဲ့ အကြည့်လေးပေါ်ပေါ်လာတယ် သူက အဲဒီလူအကြောင်း တွေးနေတာပဲ ဖြစ်ရမယ်"

ချောက်ချားဖွယ်ရာဘော့စ်ကြီးကို ၃၆၃ရက် ပွတ်သီးပွတ်သပ် လုပ်ပြီးနောက်...Where stories live. Discover now