Arc 2🗡61🗡ဧကန္တသူလား?

661 52 0
                                        

Chapter (61) Arc 2
ဧကန္တသူလား?

၈ထပ်!

ရှစ်ထပ်ကို တစ်စုံတစ်ယောက် ဖောက်ထွင်း ဝင်ရောက်နိုင်သွားတာလား။  ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

၇ ထပ်ကို ချိုးဖျက်သွားတာတောင် သာမာန်လူတွေရဲ့ နားလည်မှုကို ကျော်လွန်​နေပြီ။ ၈ထပ်က ဘယ်လောက်တောင် သဘာဝမကျလိုက်သလဲ။

ဝူယန်အင်ပါယာမှာ မပြောနဲ့။ ဝူယန်အင်ပါယာနဲ့ တူညီတဲ့ အဆင့်ရှိတဲ့ တိုင်းနိုင်ငံတွေတောင် ဒီအဆင့်ကို မရောက်ဖူးသလို ဘယ်သူမှ မကြားဖူးပါဘူး။

ကြောက်စရာ ကောင်းလိုက်တာ!

"ဒါကို ပါရမီရှင်နည်းနဲ့ ဆက်ဆံလို့ မရတော့ဘူး....အိမ်တော်သခင် နေရာစံနှုန်းနဲ့ ဆက်ဆံသင့်ပြီ!"

ကျောက်မိသားစု၏ အိမ်တော်သခင်မှာလည်း အေးခဲသွား​လေသည်။

၇ထပ်ကို တက်သွားနိုင်တာ နားလည်နိုင်သော်လည်း ၈ထပ်သို့ အပြေးအလွှား သွားနိုင်ခြင်းသည် စိတ်ကူးထက်ကျော်လွန်နေပြီ ဖြစ်သည်။

ဝုန်း!

အားလုံးက အံသြပြီး လက်မခံနိုင်စွာ ဖြစ်နေချိန်မှာပဲ တိမ်ဆွဲမျှော်စင်ရဲ့ တံခါးက သူတို့ရှေ့မှာပဲ ပွင့်သွားပြီး မီးခိုးရောင် မျက်နှာထားနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းထင်းနေတဲ့ ပုံရိပ်တစ်ခု ထွက်လာသည်။

"ဒါကဘာတွေ ဖြစ်နေတာလဲ?"

ပုံရိပ်က ထွက်လာသည်နှင့် တပြိုင်နက် အကယ်ဒမီ အကြီးအကဲများ၊ ကျောက်အိမ်တော်နှင့် ဟန်အိမ်တော်မှ အကြီးအကဲများပါ သူ့ရှေ့တွင် စိတ်အားထက်သန်စွာ ရပ်နေသည်ကို သူတွေ့လိုက်ရပြီး ထိတ်လန့်မဆုံး ဖြစ်သွားခဲ့သည်။

"အိမ်တော်သခင်.... ဘာဖြစ်.... ဘာဖြစ်နေတာလဲ"

ထိုလူသည် မဝေးလှသော နေရာမှ ကျောက်မိသားစု၏ အိမ်တော်သခင်အား ထိတ်လန့်စွာ ကြည့်နေသည်။

"မင်းဘာလို့ ထွက်လာတာလဲ? ဒါဆို ၈ထပ်ကို ဖောက်ဝင်ခဲ့တာ မင်းမဟုတ်ဘူးလား?"

ထွက်လာတဲ့လူက သူမျှော်လင့်ထားတဲ့ အတိအကျ ကျောက်ကောင်း ဖြစ်​နေတာကို တွေ့လိုက်ရတော့ ကျောက်မိသားစုရဲ့ အိမ်တော်သခင်လည်း ချော်လဲလုနီးပါး ဖြစ်သွားသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now