Arc 3🗡78🗡လော့ထောင်း

584 39 0
                                        

Chapter (78) Arc 3
လော့ထောင်း

ယုတ္တိဗေဒအရ ဤစကားဝိုင်းများသည် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်၏ အဆင့်၃ အဆင့်၄ ရှိ စွမ်းအားရှင်များပင်လျှင် မကြားနိုင်သော်လည်း လုရွှမ်သည် နတ်နားအမှတ်ကို ဖွင့်ခဲ့ပြီး သူ၏ အကြားအာရုံသည် ဖွံ့ဖြိုးလာသောကြောင့် အသံက အရမ်းနိမ့်ပြီး တိုးနေပေမယ့် ရှင်းရှင်းလင်းလင်း ကြားနေရသည်။

"ဥယျာဉ်ရဲ့ ရတနာ? ဧကန္တ...."

လုရွှမ်သည် မျက်ခုံးပင့်ကာ နောက်ဆုံးတွင် နားလည်လိုက်သည်။

ဂုဏ်သရေရှိသော ဆေးဥယျာဉ်သည် ဧည့်သည်များကို မောင်းထုတ်၍ အဘယ်ကြောင့် တံခါးပိတ်ကာ ညစာပွဲမျိုးကိုပင် ကျင်းပရသနည်းဟု ယခင်ကလည်း တွေးမိခဲ့သည်။ ယခုတော့ အကြောင်းအရင်းကို သိသွားလေပြီ။

"မြေသွေးကြော နှလုံးစပျစ်ပင်!"

လုရွှမ်စိတ်ထဲမှာ နာမည်တစ်ခု ပေါ်လာ၏။

ဆေးဥယျာဉ်တွင် မရေမတွက်နိုင်သော ဆေးဝါးများ ရောင်းချရသည့် အကြောင်းရင်းမှာ အဆုံးမရှိသော ထောက်ပံ့မှု ဖြစ်သည်။ ပဟေဠိဟု ခေါ်ခြင်းမှာ တည်ရှိနေသည်။ တစ်နေရာတည်းတွင်သာ ဆေးဖက်ဝင်ပစ္စည်းများ မပျက်စီးဘဲ နှစ်ပေါင်းများစွာ အဆက်မပြတ် ထုတ်လုပ်ရန် မဖြစ်နိုင်သည်မှာ သေချာပါသည်။

အရေးကြီးဆုံးအရာက သူ့စိတ်ထဲမှာ မှတ်မိလိုက်တဲ့ မြေသွေးကြော နှလုံးစပျစ်ပင်သာ ဖြစ်သည်။

မြေသွေးကြော နှလုံးစပျစ်ပင်သည် မြေကြီး၏ သွေးကြောများကို တွယ်ကပ်ကာ ဝိညာဥ်စွမ်းအင်ကို စုစည်း၍ ဆေးပင်အမျိုးမျိုး စိုက်ပျိုးရန်အတွက် သင့်လျော်သော မျိုးပွားနိုင်သည့် မြေကွက်လပ် တစ်ခုအဖြစ် ထောက်ပံ့ပေးနိုင်သော ထူးခြားသော အပင်ဖြစ်သည်။

ဤအရာတည်ရှိမှုနှင့် အတူ မြေသြဇာကောင်းသော လယ်မြေများတွင် စိုက်ပျိုးထားသော ဆေးဖက်ဝင်ပစ္စည်းများသည် သာမာန်နေရာများထက် အရောင်နှင့် အရွယ်အစား ပိုမိုကောင်းမွန်ရုံ သာမက ပိုအရေးကြီးသည်မှာ ကြီးထွားမှုနှုန်းကိုလည်း ပိုမိုမြန်ဆန်စေသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now