Arc 3🗡136🗡 ရှေးဟောင်းမြို့တော် (ဒုတိယပိုင်း)

509 41 0
                                        

Chapter (136) Arc 3
ရှေးဟောင်းမြို့တော် (ဒုတိယပိုင်း)

"သေချာပေါက် သွားကြည့်ရမှာပေါ့!"

လုရွှမ် အနည်းငယ် ပြုံးလိုက်သည်။

ကျီးကန်းက သူ့ကို အဲဒီလမ်းကြောင်းအတိုင်း လာခိုင်းခဲ့သည်။ ထပ်ပြောရရင် ရှေးဟောင်း​မြို့ကြီး ပေါ်လာတယ်ဆိုတာ ချိုင့်ဝှမ်းကြီး ပွင့်လာတဲ့ အချိန်တိုင်း မရေမတွက်နိုင်အောင် ကြုံရခြင်းမျိုး မဟုတ်ပေ။

မြို့ကြီး ပေါ်လာတယ် ဆိုမှတော့ သေချာပေါက် သွားကြည့်ရမှာပေါ့။ မဟုတ်ရင် နှ​မြောစရာကြီး ဖြစ်ကုန်တော့မှာ မဟုတ်လား။

ဆုံးဖြတ်ချက် တစ်ခုချပြီးနောက် အားလုံးက ရှေ့ကို အရှိန်မြှင့်ကာ လျှောက်လာရင်း လူများ ပိုများလာခဲ့တာ တွေ့ရသည်။ သုံးရက်အကြာတွင် သူတို့ရှေ့တွင် ကြီးမားသော မြို့ကြီးတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရ၏။

မြို့ကြီးသည် ကောင်းကင်ယံအထိ မြင့်မားပြီး ရှေးဟောင်းမြို့ရိုးများသည် သံတံတိုင်းများကဲ့သို့ပင်။ အရှေ့သို့ ရောက်လျှင် ထိုနေရာမှ ထွက်ပေါ်လာသော အားကောင်းသော ရောင်ဝါကြောင့် ကြောက်လန့်ပြီး နောက်ပြန်မဆုတ်ဘဲ မနေနိုင်ပေ။

ယခုအချိန်တွင် မြို့တံခါး မဖွင့်သေးဘဲ ပိတ်ထားဆဲ ဖြစ်သော်လဘ်း ပတ်ဝန်းကျင်တွင် လူများပြည့်နေပြီး အဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ပြန့်ကျဲနေသည်။

"ကြည့်ရတာ အရမ်းနောက် မကျသေးဘူးပဲ ရှေးဟောင်းမြို့ကို မဖွင့်ရသေးဘူး!"

သူ့ရှေ့က အခြေအနေကို မြင်လိုက်ရတော့ လုရွှမ် ပြုံးလိုက်သည်။

မြို့တံခါး ဖွင့်ပြီးတာနဲ့ ဒီလူတွေဟာ အပြေးအလွှား ဝင်လာကြလိမ့်မည်။ ဒါကြောင့် အပြင်မှာ ရပ်နေဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

"မဖွင့်သေးဘူး? ဒီမှာ သန်မာတဲ့သူတွေ အများကြီး ရှိတာကို သူတို့တိုက်ရိုက် အပြေးအလွှား ဝင်သွားလို့ မရဘူးလား?"

မုယန်ဖုန်းက အံ့သြမှုတွေ အပြည့်နဲ့။

ပျက်စီးယိုယွင်းနေသော ရှေးဟောင်းမြို့လေး တစ်မြို့ဖြစ်သည်။ ဤနေရာတွင် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၈ ကျွမ်းကျင်ပညာရှင် အနည်းငယ် ရှိသည်။ မြို့ရိုး၏ရှေးကျမှုကို သုံးသပ်ကာ အမှန်တကယ် လှုပ်ရှားလိုပါက အလွယ်တကူ ရိုက်ချိုးသင့်သည် မဟုတ်ပါလား။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now