Chapter (7) Arc 3
နောက်ယောင်ခံလိုက်လာသူသိပ်မကြာခင်မှာဘဲ သူတို့နှစ်ယောက် အတူတူ စားသောက်ဆိုင်ထဲက ထွက်လာပြီး ကျီးကန်းက ခေါင်းကို ငုံ့ပြီး အပြင်ထွက်တာနဲ့ ထိုးအန်တော့သည်။
"ဒါကို ဝိုင်လို့ခေါ်သေးရဲ့လား? မင်းငါ့ကို ဘယ်ခေါ်လာတာလဲ?"
၎င်း၏ မကျေနပ်ချက်များကို ကြားသော်လည်း လုရွှမ်က ရယ်မောလိုက်သည်။
ဒီလောကီလောကကို မေ့လိုက်ပါဆိုတဲ့ စားသောက်ဆိုင်က အရမ်းခမ်းနားပေမယ့် ဝိုင်ကတော့ မကောင်းပါဘူး။ ရိုးရိုးသားသား ပြောရလျှင် ဤကျီးကန်းသည် အလွန်ကြည့်ကောင်းပုံ မရသော်လည်း ဝိုင်နှင့်ပတ်သက်လျှင် အလွန်ဇီဇာကြောင်သည်။
"ဝိုင်း ကောင်းကောင်းသောက်ဖို့ ငါ့ကို ခေါ်သွားပေး!!"
အချိန်အတော်ကြာ အန်ပြီးနောက် ကျီးကန်းသည် သက်ပြင်းချကာ အတောင်များကို ခတ်လိုက်သည်။
"ကောင်းပြီ ငါ မင်းကို လိုက်ပို့ပေးမယ်...."
လုရွှမ်သည် ခေါင်းယမ်းလိုက်ပြီး လမ်းမပေါ်ထွက် ရှာတော့မယ့်အခိုက် ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာဖြစ်လို့လဲ သခင်လေး..."
မုယန်ဖုန်းသည် သူ့အပြုအမူက မှားယွင်းနေကြောင်း ချက်ချင်း ခံစားမိလိုက်ပြီး သံသယစိတ်ဖြင့် ကြည့်လိုက်သည်။
"စကားမပြောနဲ့... တစ်ယောက်ယောက် နောက်က လိုက်လာနေတယ်!" လုရွှမ် ခပ်တိုးတိုး ပြော၏။
"နောက်ကလိုက်လာတာလား?" မုယန်ဖုန်း၏ အမူအရာမှာ မည်းမှောင်သွားသည်။
ဝူယန် တော်ဝင်မိသားစုတွင် သခင်လေးသည် အဓိပတိနယ်ပယ် ပြီးပြည့်စုံသော အဆင့်ကိုပင် မကြောက်ဘဲ လွတ်လွတ်လပ်လပ် ကိုင်တွယ်နိုင်ခဲ့သည်။ ယခုအချိန်တွင် သူ့နောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေသည်ဟု ခံစားလိုက်ရ၏။ ဒါဟာ နည်းနည်းလေးမှ မရိုးရှင်းတော့ချေ။
ပိုအရေးကြီးတာက အဓိပတိနယ်ပယ် တစ်ယောက်အနေနဲ့ သူ လုံးဝ သတိမထားမိတာပဲ။ သူသတိမထားမိတာကို သခင်လေး ဘယ်လိုလုပ် သတိထားမိတာလဲ။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ