Arc 3🗡106🗡တာဝန်ခံယွင်

459 32 0
                                    

Chapter (106) Arc 3
တာဝန်ခံယွင်

"ရတနာအဆောက်အအုံ?"

ချန်စစ်ယန်က သံသယတွေ အပြည့်နဲ့ ကြည့်လိုက်သည်။

"ဟုတ်တယ်.... ရတနာအဆောက်အအုံလေ မိန်းကလေး အဲဒါကို မကြားဖူးဘူးလား? အဂ္ဂိရတ်ဆရာအသင်းနဲ့ ဆေးဥယျာဉ်တို့လို ပြည်မကြီးမှာ အင်အားကြီးတဲ့ အင်အားကြီးတစ်ခုက နေရာတော်တော်များများမှာ အကိုင်းအခက်တွေ ခွဲထားတာ ရှိတယ်။ ဒါကြောင့် ရတနာတွေ စုဆောင်းပြီး အကဲဖြတ်တဲ့ လုပ်ငန်းမှာ အထူးပြုပါတယ်။ ရတနာအကဲဖြတ်သူ တစ်ဦးက ထုတ်ပေးတဲ့ လက်မှတ်တစ်ခု ရှိသရွေ့တော့ အစစ်အမှန်ဖြစ်ကြောင်း အာမခံနိုင်ပြီး အတုဖြစ်ရင် အစားထိုးပေးမှာ"

ကောင်လေးက ရှင်းပြ၏။

"ဒီလိုအလုပ်မျိုး ရှိတယ်လား? ငါဘာလို့အဲ့ဒါကို တစ်ခါမှ မကြားဖူးတာလဲ?" ချန်စစ်ယန်မှာ အံ့သြမှု အပြည့်နှင့်။

"ရတနာအကဲဖြတ်သူတွေက ယေဘူယျအားဖြင့် လေလံပွဲကြီးတွေ ဒါမှမဟုတ် အပျက်အစီးများနဲ့ အန္တရာယ်များတဲ့ နေရာတွေ့မှာ စခန်းချလေ့ရှိပြီး သာမန်မြို့ကြီးတွေ့မှာ မတွေ့ရနိုင်ဘူး... တခြားဟာ မပြောဘဲ ပေရွှီးအင်ပါယာကိုပဲ ကြည့်... အဲဒီမှာဆို ရတနာအဆောက်အအုံရဲ့ အကိုင်းအခတ် ဌာနခွဲ မရှိဘူးလေ"

ကောင်လေးက ပြောပါသည်။

ချန်စစ်ယန်လည်း သဘောတူဟန် ခေါင်းညိတ်လိုက်သည်။ ဒါပထမဆုံးအကြိမ် ကြားလိုက်ရပေမယ့် မြန်မြန်ပဲ နားလည်သွားခဲ့သည်။

ကမ္ဘာပေါ်တွင် သူမတို့၏ ဆေးဥယျာဥ်များကဲ့သို့ အလွန်ထူးခြားသော အသက်မွေးဝမ်းကျောင်း ပညာရပ်များစွာ ရှိ​လေသည်။ နေရာငယ်များစွာတွင် ဌာနခွဲထားခြင်း မရှိသောကြောင့် ၎င်းတို့အကြောင်းကို မည်သူမျှ မသိပေ။

တခြားဘာမှပြောမနေဘဲ ဒီလူငယ်ရဲ့ ကျန်းဝူအင်ပါယာမှာ သားရဲခန်းမ ဒါမှမဟုတ် ဆေးဥယျာဉ်တောင် မရှိဘူးလို့ပဲ ဆိုကြပါစို့။ သားရဲလေ့ကျင့်ပေးသူနဲ့ ဆေးဆရာကို ဘယ်သူမှ သိမှာ မဟုတ်ဘူး။

ရတနာအကဲဖြတ်သူဆို ပိုလို့တောင် မသိနိုင်တော့ပေ။ ဒါဟာ သတင်းအချက်အလက်ကြောင့် မဟုတ်ဘဲ ကန့်သတ်နေထိုင်မှု ပတ်ဝန်းကျင်ကြောင့်ပင် ဖြစ်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Donde viven las historias. Descúbrelo ahora