Chapter (108) Arc 3
အစစ်လား? အတုလား?"အတုတွေ ဝယ်နေတယ်? ရဲတင်းလိုက်တာ!! ငါတို့သခင်က ဘယ်သူလဲဆိုတာ မင်းသိလား? ဒီမှာ ဘာငတုံးစကားတွေ ပြောနေတာလဲ?"
လုရွှမ်၏ စကားကိုကြားတော့ လူငယ်သည် ချက်ချင်း မျက်ခုံးပင့်ကာ သူ့မျက်နှာဆီသို့ အရှိန်ပြင်းပြင်း ဝင်လာသည်။ တကယ်တော့ ဒါဟာ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၅က စွမ်းအင်ပင်။
ဤအသက်ရှုခြင်း၏ ဖိနှိပ်မှုကို ရင်ဆိုင်ရပါက အဓိပတိနယ်ပယ် မပြောနှင့် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၂ အဆင့်၃များပင် ၎င်းကို သည်းမခံနိုင်တော့ဘဲ ကြောက်လန့်တကြား ဒူးထောက်ကာ တိုက်ရိုက် လဲကျသွားနိုင်သည်။
သို့သော် လုရွှမ်အတွက်မူ မည်သည့် ဖိအားကိုမှ မခံစားမိသည့်နှယ် တည်ငြိမ်နေ၏။
"ဟူး.... မျက်စိကန်းနေတာ ကောင်းပါတယ်... သတိပေးတာတောင် လက်မခံသေးဘူး" လုရွှမ်က ခေါင်းခါပြီး
"လူကြီးလူကောင်းတဲ့ ရှက်ဖို့ ကောင်းလိုက်တာ!"
စကားပြီးတာနဲ့ သူဟာ တစ်ဖက်လူကို လျစ်လျူရှုပြီး ချန်စစ်ယန်ကို ကြည့်ပြီး
"ငါ တခြားသူတွေရဲ့ ဖြားယောင်းတာကို နားမထောင်စေချင်လို့ သတိပေးတာကို ဝယ်ချင်နေတာဆိုတော့ အဲဒါကို စိတ်ဝင်စားမနေတော့ဘူး သွားကြရအောင်!"
"အတင့်ရဲလိုက်တာ!! အတုကို ဘယ်သူက ဝယ်ခဲ့တာလဲ?? ရှင်းရှင်းလင်းလင်း မပြောရင် ထွက်သွားဖို့တောင် မစဉ်းစားနဲ့"
လူငယ်လေးသည် သူ၏ဖိအားကို လုံးဝ မခံစားမိသလို မလှုပ်မယှက်ဘဲ ရပ်နေသည်ကို မြင်သော် လုလင်သည် ခေတ္တမျှထိတ်လန့်သွားသည်။ ထိုခဏ လူငယ် ထွက်သွားတော့မည်ကို သိလိုက်တော့ စူးစူးဝါးဝါး ကြည့်ကာ သူ့ထံသို့ ချက်ချင်းရောက်သွား၏။
"ဘာလဲ? မင်းတို့ မျက်စိကန်းလို့ ငါက ကြင်နာစွာ သတိပေးတာကို အမှားကို ဝန်မခံဘဲ ငါတို့ကို ဘာကိစ္စ လာတားနေတာလဲ?"
လုရွှမ်က ဘာမှမထူးခြားသလို ကြည့်နေသည်။
"မင်းဘယ်သူ့ကို ကန်းနေတယ်လို့ ပြောနေတာလဲ? တစ်လုံးမြို့မှာ လူဘယ်နှစ်ယောက်လောက် မျက်လုံးဖွင့်ပြီး အကဲဖြတ်ပေးဖို့ ငါတို့ သခင်အဘိုးကြီး တောင်းဆိုနေလဲ မင်းသိလား??"

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ