Chapter (73) Arc 2
ဟန်ရောင်ထိုးဖောက်သွားပြီစိတ်ဝိညာဉ်စွမ်းအား ၁.၀သို့ မရောက်မီ ကိရိယာတစ်ခုမှမရှိလျှင် အဝေးမှလူတစ်ဦးကို ထိခိုက်နာကျင်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ အကောင်းဆုံးနည်းလမ်းမှာ ပြိုင်ဘက်ကို နီးကပ်စေပြီး အကာအကွယ် မရှိတဲ့အချိန် တိုက်ခိုက်ခြင်းပင်။
လုရွှမ်သည် ခြေလှမ်းတိုင်းတွင် အားနည်းချက်ကို ထုတ်ပြခဲ့ပြီး တစ်ဖက်လူတွေကို ဆွဲဆောင်ရန် ဓားသူတော်စင်ကျမ်းကိုလည်း လျှောက်ပြောခဲ့သည်။ ထို့နောက် နှစ်ယောက်သား သတိလွတ်သွားကာ ရှေ့သို့ရောက်လာချိန်၌ တစ်ရှိန်ထိုး တိုက်ခိုက်ခဲ့သည်။
စိတ်ဝိညာဉ်စွမ်းအားဖြင့် လူများကို သတ်ရန်မှာ မလွယ်ကူသလို သခင်နှစ်ယောက်ကို ထိုးနှက်ချက် တစ်ချက်တည်းဖြင့် သတ်ရန်မှာ မလွယ်ကူသောကြောင့် သူတောင်းဆိုသော ငါးမိနစ်စာသည် စွမ်းအားကို စုဆောင်းကာ ဝိညာဉ်စွမ်းအား ပိုမိုပြင်းထန်လာစေရန် ဖြစ်သည်။
သို့မှသာ ၎င်းတို့နှစ်ဦးကို တစ်ချက်ထိုးရုံနှင့်ပင် ပြန်လည်တိုက်ခိုက်ရန် အခွင့်အရေး မပေးဘဲ သတ်ပစ်နိုင်မှာ ဖြစ်သည်။
သန်မာသော စိတ်ဝိညာဉ်စွမ်းအားကို မပြောနှင့် ပိုအရေးကြီးသည်မှာ သံမဏိကဲ့သို့ အာရုံကြောများ ဖြစ်သည်။ သို့မှသာ သခင်နှစ်ဦးသည် သူ့ထောင်ချောက်ထဲသို့ တစ်ဆင့်ပြီးတစ်ဆင့် ပြုတ်ကျသွားနိုင်သည်။
အရင်တုန်းကတော့ ဟန်ရွှယ်ဟာ သူ့ရှေ့မှာ လူငယ်တစ်ယောက်မှာ သူမနဲ့ သိပ်မကွာခြားဘူးလို့ ခံစားခဲ့ရပေမယ့် အခုချိန်မှာတော့ သူတို့နှစ်ယောက်ကြားက ကွာဟချက်ဟာ ပေါင်းကူးလို့မရတဲ့ ကွာဟချက်တစ်ခုလို ဖြစ်နေတယ်ဆိုတာ သိလိုက်ရသည်။
ခြောက်ထပ်အထိသာ လျှောက်သွားခဲ့တာ အံ့သြစရာ မဟုတ်ဘဲ တစ်ဖက်လူက ကိုးထပ်ကြီး တစ်ခုလုံးကို ဖြတ်လျှောက် သွားတာကသာ အံ့သြစရာ ဖြစ်လေသည်။
သူမတို့သည် တူညီသော အဆင့်တွင် လုံးဝမရှိပါ။
"မင်း!"
သူန စိတ်လှုပ်ရှားနေချိန်မှာပဲ တုန်လှုပ်နေတဲ့အသံကို ကြားလိုက်ရ၏။ လှည့်ကြည့်တဲ့အခါ ကျွမ်းကျင်ပညာရှင်ကြီး ချင်ကန်နဲ့ ချင်ရွှမ်ဆီကို သွား၍ အလောင်းကို ပတ်ပြီး အော်ဟစ်နေတဲ့ လူငယ်ကို တွေ့လိုက်ရသည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ