Arc 3🗡50🗡စစ်သေနာပတိရဲ့အမိန့်

574 53 0
                                    

Chapter (50) Arc 3
စစ်​သေနာပတိ၏အမိန့်

"သန့်စင်တဲ့လူကို တွေ့ချင်တယ်?"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

"ဘယ်သူလဲ? ဒါမှမဟုတ် တစ်ခုခုပြောခဲ့လား? ညစာစားဖို့ စားသောက်ဆိုင်ကို သွားတာတို့.. အဲ့လောက်ထိ တွေ့ဖို့ မလိုဘူးထင်တယ်"

ရွှေစင်ကိုဝယ်တဲ့အခါ ရောင်းသူသည် မည်သူဖြစ်သည်ကို သိရန်သာ လိုသည်။ အဘယ်ကြောင့် သန့်စင်သူနှင့် တွေ့ဆုံရန် လိုအပ်သနည်း။ အဓိပ္ပါယ်လုံးဝ မရှိချေ။

"ဟုတ်ကဲ့"

ဆိုင်ပိုင်ရှင်က ရှက်ကိုးရှက်ကန်းနဲ့

"သခင်လေးလည်း ကျုပ်တို့လုပ်ငန်းမှာ ဝယ်သူတွေကို မစော်ကားဘဲ နူးညံ့သူဖြစ်ရမယ် ဆိုတာကို သိမှာပါ... ဒီဝယ်သူဟာ ပေရွှီးတော်ဝင်မြို့မှာ လူသိများတဲ့ ဂုဏ်သရေရှိ တစ်ယောက်ပါ။ ရွှေတုံးသတ္တရိုင်းကို မြင်တာနဲ့ သူက သဘာဝကျကျပါပဲ အသေးစိတ် မေးမြန်နေတော့လည်း ပေါ့ပေါ့ပါးပါးပဲ ဖြေလိုက်ရတယ်... ရလဒ်ကတော့"

လုရွှမ် နားလည်သွားသည်။

ရွှေစင်သည် အလွန်အဖိုးတန်သည်။ သန့်စင်ခအတွက် ရွှေစသန်း ၂၀၀ ကို ကြည့်ရုံဖြင့် အမှန်တကယ် ဝယ်လိုပါက တန်ဖိုးအလွန်ကြီးပြီး သာမန်လူများ အမှန်တကယ် မတတ်နိုင်သည်ကို တွေ့မြင်နိုင်သည်။

ရောင်းချင်ရင် အဆင့်အတန်း မြင့်တဲ့လူကို ရှာရမယ်။ ဒီလိုလူမျိုးက သူ သန့်စင်ထားတဲ့ ရွှေသတ္တုရိုင်းကိုမြင်ပြီး မေးခွန်းအနည်းငယ် မေးမြန်းကာ သူ့ကိုတွေ့ချင်တာဟာ ယုတ္တိတန်ပါ၏။

"ဒါက တော်ဝင်မြို့ အင်ပါယာစစ်တပ်ရဲ့ စစ်သေနာပတိ လူကြီးမင်းဟူရှောက်ပါ.... သူက တော်ဝင်မြို့မှာရှိတဲ့ ဧကရာဇ်စစ်တပ် ၈သောင်း ကို အုပ်စိုးပြီး စွမ်းအားကြီးတဲ့သူပါ"

လုရွှမ် တွေးတောနေတာကို မြင်တော့ ဆိုင်ပိုင်ရှင်က မဖုံးကွယ်ဝံ့ဘဲ အမှန်တိုင်း ဆိုလာ၏။

"တွေ့လည်း အဆင်ပြေပါတယ် ခင်ဗျားစီစဉ်လိုက်ပါ!"

လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Donde viven las historias. Descúbrelo ahora