Chapter (83) Arc 3
သခင်မဟိုင်ထန်၏လှည့်ကွက်သခင်မဟိုင်ထန်က ပြောလာသည်။
သူမသည် မင်းသား ချန်ရှင်း၏ အစီအစဉ်ကို လိုက်နာကာ နှုတ်ဆိတ်နေခဲ့သည်။ ယခုအချိန်တွင် မြေသွေးကြော စပျစ်နွယ်ပင် ပြဿနာကို မည်သူမျှ မဖြေရှင်းနိုင်သည်ကို သိလိုက်ရသဖြင့် အခွင့်အရေး ရောက်လာသည်ကို သဘောပေါက်သွား သောကြောင့် ရည်ရွယ်ချက်ရှိရှိ လှမ်းအော်လိုက်သည်။
"သူမက ဘယ်လိုလုပ် ဝင်လာတာလဲ"
ထိုအသံကိုကြားတော့ လုရွှမ်သည် ဤလူကို မတိုင်ခင်က မြင်ခဲ့ဖူးပြီး သူမ၏ဖိတ်ကြားလွှာကို သူကိုယ်တိုင် လုယူလိုက်သော်လည်း မမျှော်လင့်ဘဲ အဆုံးတွင် သူမ ဝင်ရောက်လာခဲ့သည်။
သို့သော် ထိုအမျိုးသမီး ရောက်လာတာ မလာတာကို သူ ဂရုမစိုက်ပါဘူး။ ဒါက ဆေးဥယျာဉ်မို့ သူမမှာ သတ္တိရှိရင်တောင် ဒုက္ခရောက်မှာ သေချာပါသည်။
"အိုး? သခင်မဟိုင်ထန်က တစ်စုံတစ်ယောက်မှာ ဖြေရှင်းချက် တစ်ခုရှိနေတယ်လို့ ပြောခဲ့တာလား? အဲဒီအကြီးအကဲက ဘယ်မှာလဲ?"
ဆေးဝါးသခင်ချန်သည် စိတ်ပျက်နေပြီ ဖြစ်သော်လည်း ထိုစကားကို ကြားလိုက်သောအခါ အံ့သြသွားကာ မျက်လုံးများ တောက်ပလာသည်။
သူမရဲ့ အမြင်အရတော့ သူမ၊ အကြီးအကဲလျိုနဲ့ အကြီးအကဲလော့ တို့တောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ ဒီအချိန်မှာ ဖြေရှင်းနိုင်တဲ့သူဟာ ဆေးပညာမှာ အကြီးအကဲ စီနီယာသာ ဖြစ်လိမ့်မည်။
"အကြီးအကဲ? ဟီးဟီး!"
သခင်မဟိုင်ထန် သူမ၏ခါးကို ဆန့်၍ မရေမတွက်နိုင်သောလူများ မောဟိုက်စေသည့် ချောမောလှပသော ခါးသွယ်ကို ဆန့်ထုတ်ပြကာ ခြေလှမ်းနှစ်လှမ်းဖြင့် ရောက်လာသည်။
"အဲဒီ အကြီးအကဲက ဘယ်မှာမှ မဟုတ်ပါဘူး... ဘယ်ကနေ ရောက်လာမှန်းတော့ မသိဘူး... သူက ကျွန်မတို့နဲ့ အတူတူ ရှိနေပါတယ်!"
"ကျုပ်တို့နဲ့ အတူရှိနေတယ်? ဘယ်သူလဲ?"
"အကြီးအကဲလျိုနဲ့ အကြီးအကဲလော့ တို့တောင် မဖြေရှင်းနိုင်ဘူး... အဲဒီလူက ဒီအကြီးအကဲတွေထက် ပိုကောင်းနိုင်ပါ့မလား"

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ