Arc 3🗡157🗡စိတ်ဝိညာဉ်စွမ်းအား ၁.၂

533 35 0
                                        

Chapter (157) Arc 3
စိတ်ဝိညာဉ်စွမ်းအား ၁.၂

ဝိညာဉ်စွမ်းအားဖြင့် ဖုံးလွှမ်းထားသော ရွှေငါးဝိညာဉ်၏ နှလုံးသည် မလွတ်မြောက်နိုင်တော့ဘဲ လုရွှမ်ကို လုံးလုံးလျားလျား ဖုံးအုပ်ကာ နွေးထွေးသော အလင်းရောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွား၏။

"သက်တောင့်သက်သာ ရှိတယ်!"

လုရွှမ်သည် ချက်ချင်းပင် ပူပြင်းသော ရေပူစမ်း အတွင်းသို့ ဝင်သွားရသလို သူ၏ ဝိညာဉ်မှသည် သူ့ကိုယ်ခန္ဓာအထိ သက်တောင့်သက်သာ ရှိသွားသည်။ ယခင်က ငြိမ်သက်နေသော ဝိညာဉ်စွမ်းအား အတိုင်းအတာသည်လည်း တခဏချင်းပင် လျင်မြန်စွာ တိုးလာခဲ့သည်။

၀.၉၉၁

၀.၉၉၂

၀.၉၉၃!

၁.၀!

ဆယ်မိနစ် မပြည့်မီတွင် ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ မှ အောင်မြင်စွာ ဖြတ်ကျော်၍ ၁.၀ နယ်ပယ်သို့ ရောက်ရှိသွားခဲ့သည်။

ဝိညာဉ်စွမ်းအား ၁.၀ သို့ ရောက်ရှိသည်နှင့်တပြိုင်နက် သူသည် ချက်ချင်းဆိုသလို အခြားနယ်ပယ်တစ်ခုသို့ ဝင်ရောက်သွားသည့်နှယ် ခံစားလိုက်ရသည်။

အရင်ကတော့ ဝိညာဉ်စွမ်းအားက ခန္ဓာကိုယ်ကို ချည်နှောင်ထားသလိုမျိုး ကန့်သတ်ထားလို့ အရာများစွာလည်း မလုပ်ဆောင်နိုင်ပေမယ့် အခု နောက်ဆုံးမှာတော့ ရေထဲမှာ ငါးတစ်ကောင်က နဂါးအသွင်ပြောင်း၍ ကောင်းကင်ကို ခုန်ပျံပြီး သံကြိုးတွေကနေ လွတ်မြောက်သွားသကဲ့သို့ ရုပ်ခန္ဓာ၏ အကွာအဝေးကို အလိုအလျောက် ဖြန့်ကျက်လာနိုင်ပြီ။

ဆိုလိုသည်မှာ ဝိညာဉ်စွမ်းအား ၁.၀ သို့ရောက်သောအခါ ခန္ဓာကိုယ်၏ အစိတ်အပိုင်း အချို့သည် လူတစ်ဦးနှင့် ထိတွေ့ရန် မလိုအပ်သော်လည်း အကွာအဝေးသည် အလွန်နီးကပ်နေသရွေ့ ဝိညာဉ်စွမ်းအားသည် လူကိုသတ်ရန် အသုံးပြုနိုင်ဆဲ ဖြစ်သည်။

တစ်စုံတစ်ဦးကို သတ်ရန် ဝိညာဉ်စွမ်းအားကို အသုံးပြုလိုပါက ပြိုင်ဘက်ထက် ပြင်းထန်သော ဝိညာဉ်စွမ်းအားကို ဦးစွာ ပိုင်ဆိုင်ရမည်။ ၁.၀ဆိုသည့် ဝိညာဉ်စွမ်းအားသည် အလွန်ပြင်းထန်သော်လည်း ယွမ်ချီနယ်ပယ်ကို ခိုးဝင်တိုက်ခိုက်ရန်သာ လွယ်ကူသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now