Arc 3🗡59🗡မဟာမိတ် နှစ်ခု

578 49 0
                                        

Chapter (59) Arc 3
မဟာမိတ် နှစ်ခု

"ဟုတ်​ပါတယ်​! ကျွန်​တော့် အပြစ်​ပါ!"

စွင်းကျုံးက အမြန်​​ ခေါင်းညိတ်​လိုက်​သည်​။

"အင်း ဟုတ်ပြီ!"

စွင်းကျုံးကို ကြိမ်းမောင်းပြီးနောက် ကျန်းရှောက်ချန်က လုရွှမ်ကို ပြုံးပြုံးလေးကြည့်ရင်း

"ညီလေးလုက ပါရမီရှင် တစ်ယောက်ပဲ... အကယ်ဒမီကို အထူးတလည် ခေါ်ယူခံရပြီး ရောက်တာနဲ့ ကြီးကြီးမားမား ရုန်းရင်းဆန်ခတ် ဖြစ်သွား​စေတယ် ဆိုတော့... ငါ့ကိုတကယ်ပဲ စိတ်ဝင်စားစေတယ်... ညီလေးလု ငါမင်းနဲ့ သောက်လို့ရမလား?"

"စိတ်မကောင်းပါဘူး... ကျုပ် စည်းကားတာတွေ မကြိုက်ဘူး!"

ကျန်းရှောက်ချန်နဲ့ စွင်းကျုံးတို့ဟာ မျက်နှာဖြူလေးတွေလို သူ့ကိုတမင်တကာ ဆွဲ​ဆောင်နေတာ သိပေမယ့်လည်း လုရွှမ်သည် ဂရုမစိုက် ချင်တာကြောင့် အေးစက်စွာပင် လက်ဝေ့ယမ်းပြလိုက်သည်။

"ကောင်လေး... မင်းက မျက်နှာသာ ပေးတာတောင် မလိုချင်ဘူးပေါ့!! ငါတို့ရဲ့ခေါင်းဆောင်ကျန်းက မင်းကို ကိုယ်တိုင်ဖိတ်ခေါ်နေတာကို မင်းဘယ်လိုလုပ် ငြင်းရဲ​သေးတာလဲ?"

စွင်းကျုံး၏ အသက်ရှုသံသည် ပြင်းထန်လာပြီး အချိန်မရွေး ဒဏ်ခတ်တော့မည့်နှယ်။

"စွင်းကျုံး! နောက်ဆုတ်! ငါ မင်းကို စကားပြောခိုင်းလို့လား? ဘာလဲ ငါ့စကားကိုတောင် နားမထောင်တော့ဘူးလား?"

ကျန်းရှောက်ချန်က ထပ်မံ ကြိမ်းမောင်း​ပြန်သည်။

"ဒီလက်အောက် ငယ်သားက မလုပ်ရဲပါဘူး!"

စွင်းကျုံး အနောက် ဆုတ်သွားသည်။

"လက်အောက် ငယ်သားတွေကို မတင်းကြပ်မိတဲ့ အတွက် ညီလေးလုကို ရယ်စရာ ဖြစ်စေမိပါပြီ!"

စွင်းကျုံးကို ကြိမ်းမောင်းပြီးနောက် ကျန်း​ရှောက်ချန်က ပြုံးပြီး လုရွှမ်ကို ဆက်လက်ကြည့်ရှုကာ

"ညီလေးလု ငြင်းဖို့အဲ့လောက် မလောပါနဲ့...  အိမ်မှာနေရင် မိဘကို အားကိုးသလို အပြင်ထွက်ရင် သူငယ်ချင်းတွေကို မှီခိုရတယ်မလား? ငါနဲ့ တစ်ခွက်သောက်ရုံနဲ့ ဘာမှ မဖြစ်ပါဘူး!"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now