Chapter (54) Arc 3
အမျိုးသမီး သုံးယောက် ရန်ဖြစ်ခြင်း"သခင်လေး"
အခန်းထဲက ထွက်လာပြီးနောက် မုယန်ဖုန်းက တစ်ခုခု ပြောချင်ပေမယ့် ဘယ်ကနေစ ပြောရမှန်း မသိတာက ခက်နေသည်။
"မေးချင်တာကို မေးပါ"
သူ့အသွင်အပြင်ကို မြင်တော့ လုရွှမ် ပြုံးလိုက်သည်။
"သခင်လေး.... သခင်လေးရဲ့ခွန်အား"
ခဏကြာတော့ မုယန်ဖုန်း သည်းမခံနိုင်တော့ဘဲ သူ့စိတ်ထဲက အရေးကြီးဆုံး အရာကို မေးချလိုက်သည်။
"လွန်ခဲ့တဲ့ ရက်အနည်းငယ်က အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ဖြတ်သွားခဲ့ပြီး ငါ့ရဲ့ကိုယ်ခန္ဓာက အဆင့်တစ်ခုကို ဖြတ်ကျော်သွားပြီ!"
လုရွှမ်က သူ့ဆီကနေ ဘာမှ မဖုံးကွယ်ခဲ့ပေ။
"သခင်လေးရဲ့ ရုပ်ခန္ဓာက အဆင့်တစ်ခုကို ဖောက်ထွင်းဝင်ရောက် သွားပြီးပြီလား?" မုယန်ဖုန်း ခဏအကြာ စကားမပြောနိုင် ဖြစ်သွားသည်။
သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် သန်မာသော လူတစ်ဦးအား ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို အသုံးပြု၍ တိုက်ခိုက်ခဲ့တာ ခွန်အား ၁သန်း ကျော်ရှိရပါမည်။ ၎င်းကို "အဆင့်တစ်ခု ဖြတ်ကျော်ခြင်း" ဟု ခေါ်သည်လား။
သခင်လေးရဲ့ နှလုံးသားက ရက်စက်လွန်းလှပါလား။
တွေးကြည့်လိုက်တော့ သခင်လေးကို သိခဲ့တာ နှစ်ဝက်လောက်သာ ရှိခဲ့သော်လည်း သူတို့စတွေ့တုန်းက သူ့ရှေ့က ဒီလူဟာ ဝူအဆင့်၂ပဲ ရှိသေးရာ အခုတော့ အဓိပတိနယ်ပယ် အလယ်အလတ် အဆင့်ကို ရောက်နေပြီ။
ကိုယ်တိုင်သာ မကြုံတွေ့ခဲ့ရရင် ဒါကို အလိမ်အညာ တစ်ခုလို့ပဲ သူထင်မိမှာပင်။
ဒီလိုမျိုး တခြားသူ တစ်ယောက်ယောက်က တိုးတက်မှုရှိခဲ့ရင် သူတို့ဟာ ဟိုးရှေးရှေးတုန်း ကတည်းက သူတို့ရဲ့ အမြီးတွေကို ကောင်းကင်မှာ မြှောက်ထားပြီး သူတို့ရဲ့ ပါးစပ်ထောင့်တွေကို စိတ်လှုပ်ရှားစွာနဲ့ ပင့်ထားတဲ့ နဂါးတစ်ကောင်လို ဖြစ်နေလိမ့်မည်။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ