Chapter (62) Arc 3
ကျွန်မမှာ အဖော်ရှိတယ် (တတိယပိုင်း)ဤရုပ်ပုံသည် သွယ်လျလှပပြီး ပြီးပြည့်စုံသော ခန္ဓာကိုယ် အချိုးအစားဖြင့် လူများကို ကြည့်ရုံဖြင့် သွေးဆောင်မှုထဲ ကျရှုံးနိုင်စေသော အရာဖြစ်သည်။
ရုပ်ရည်တစ်ခုတည်း အရဆိုလျှင် ယခုလေးတင် ရွေးချယ်ခံခဲ့ရသော မင်းသမီးလော့ရုံနဲ့ သိပ်မကွာသော်လည်း အဓိက သော့ချက်မှာ ရိုင်းစိုင်းသော စိတ်ထားရှိပြီး သူ့ကို မြှောက်ပင့်ပေးနေသော အမျိုးသမီးများထက် ပို၍ပင် ထူးချွန်ပုံ ဖြစ်သည်။
ဒီပုံလေးကိုမြင်တော့ မင်းသား ချန်ရှင်းရဲ့ စိတ်ထဲမှာ မကျေမနပ်တွေ ချက်ချင်း ပျောက်ကွယ်သွားကာ ဖြတ်ကျော်သွားကာ မကြာခင်မှာပဲ သူမဆီရောက်လာခဲ့သည်။
"မိန်းကလေး... မင်းငါ့ရဲ့ အကဖော် ဖြစ်ပေးနိုင်မလား?"
ယောက်ျားပီသသော မျက်နှာထားဖြင့် သူမရှေ့တွင် ရပ်နေသော မင်းသားချန်ရှင်းသည် ချောမောပြီး ဒေါသထွက်နေသော ကိုယ်ဟန်အနေအထားကို ထိန်းထားကာ ပေါ့ပေါ့ပါးပါး ပြုံးလိုက်သည်။
"နောက်ထပ်လူသစ်ပဲ... မင်းသားက နောက်ထပ်လူသစ်ကို ရွေးသွားမယ်လို့ မမျှော်လင့်ထားဘူး"
"သူမကို ငါသိတယ်.... သူ့နာမည်က လင်ရှောင်းရှောင်းတဲ့.... ဒီနှစ်မှရောက်လာတဲ့ အသစ်ပဲ!"
"အပြင်ခန်းက အကဲဖြတ်ထားတဲ့ နတ်ဘုရားမတစ်ပါးပဲ... တော်ဝင်မင်းသားက မျက်လုံးကောင်းပြီး တခြားနတ်ဘုရားမကို တွေ့သွားပြန်ပြီ!"
မင်းသားလေးရဲ့ လုပ်ရပ်ကိုမြင်တော့ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့တဲ့ အမျိုးသမီးက အခုလေးတင်မှ အသည်းကွဲသွားပေမယ့် တစ်ချိန်တည်းမှာပဲ သူ့အမြင်ကိုလည်း သဘောကျသွားသည်။
ဤလင်ရှောင်းရှောင်းသည် ကျောင်းသူအသစ် ဖြစ်သော်ငြားလည်း သူမသည် အပြင်ခန်းတွင် အလှဆုံး လူများထဲမှ တစ်ဦးဖြစ်ပြီး သူမအား နတ်ဘုရားမဟု ခေါ်နိုင်သည်။
"ကဖို့ဖိတ်ခေါ်တာလား"
မင်းသားချန်ရှင်းကို လှည့်ကြည့်ပြီးနောက် လင်ရှောင်းရှောင်းသည် ရှင်းရှင်းလင်းလင်း မမျှော်လင့်ထားပေမယ့် ခေါင်းခါလိုက်ပြီး

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ