Arc 3🗡93🗡မဟာမိတ်တချို့ (ပထမပိုင်း)

555 34 0
                                        

Chapter (93) Arc 3
မဟာမိတ်တချို့ (ပထမပိုင်း)

"စစ်သေနာပတိ ဟူရှောက်?? လျှိုဝှက်စစ်တပ်ရဲ့ ခေါင်းဆောင်ကြီး??"

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မျက်မှောင် ကြုတ်လိုက်ကြသည်။

"ဟူရှောက်က ငါ့အဖေရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားပဲ... ဒီကို ဘာလာလုပ်ပါလိမ့်? ငါ့အဖေမှာ ရှင်းပြစရာရှိလို့လား"

မင်းသား ချန်ရှင်းမှာ သံသယတွေ အပြည့်နဲ့ ဖြစ်သွားသည်။

အင်ပါယာ၏ လျှိုဝှကိ​အစောင့်များသည် တော်ဝင်မြို့၏ လုံခြုံရေးကို စောင့်ကြပ်နေကြသည်။ ၎င်းတို့၏ အဆင့်အတန်းသည် လေးစားစရာကောင်းပြီး တာဝန်ဝတ္တရား များမှာလည်း ကြီးမားလှသည်။ ဤနေရာ၏ ခေါင်းဆောင် ဖြစ်လာရခြင်းသည် ဘုရင်မင်းမြတ် ချန်ရှုံ၏ ယုံကြည်မှုကို သက်သေပြလိုက်ခြင်းပင် ဖြစ်သည်။

တစ်ခါတစ်ရံတွင် သူ၏ လှုပ်ရှားမှုတိုင်းသည် ဘုရင်မင်းမြတ်၏ အလိုတော်ကို ကိုယ်စားပြု​သေးသည်။

မင်းသား ချန်ရှုံသည် သာမာန်လူတစ်ဦး အဖြစ် ရာထူးမှ လျှော့ချခံခဲ့ရပြီး စစ်သေနာပတိ ဟူရှောက်သည် ဤနေရာသို့ ရောက်ရှိလာသောအခါ ဘုရင်မင်းမြတ် ချန်ရှုံနှင့် တစ်စုံတစ်ရာ သက်ဆိုင်သည်ဟု မလွှဲမရှောင်သာ ရိုင်းစိုင်းစွာ တွေးတောနေမိမည် ဖြစ်သည်။

"ဒါဟာ ကောင်းချီးတစ်ခုပဲ... ကျိန်စာတစ်ခု မဟုတ်ဘူး သူ့ကို ဝင်ခွင့်ပြုလိုက်ပါ!"

အချိန်အတော်ကြာ စဉ်းစားပြီးနောက် စစ်သေနာပတိ ဟူရှောက် ရောက်ရှိလာခြင်း၏ အဓိပ္ပါယ်ကို သူ မသိနိုင်ပေမယ့် မင်းသား ချန်ရှင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

အစောင့်တွေ ထွက်သွားပြီး သိပ်မကြာခင်မှာ လူနှစ်ယောက် ဖြတ်ဝင်ကြသည်။ အဲဒီထဲက တစ်ယောက်က စူးစူးရှရှ မျက်လုံးတွေနဲ့ ဓားထက် ထက်တဲ့ ရောင်ဝါတွေ ဝတ်ဆင်ထားတဲ့ စစ်သေနာပတိ ဟူရှောက်ပင်။

နောက်တစ်ယောက်ကတော့ အရပ်ရှည်ရှည် သွယ်လျပြီး ညိုညို့နေတဲ့ မျက်လုံးတွေနဲ့ အသွင်အပြင်ကြောင့် သူ့ကို သိပ်မသိကျွမ်းချေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now