Arc 3🗡142🗡ကံဆိုးမှုက အရှေ့ကို ဆက်သွားပြီ

412 36 0
                                    

Chapter (142) Arc 3
ကံဆိုးမှုက အရှေ့ကို ဆက်သွားပြီ

"ရပ်လိုက်စမ်း!"

လုရွှမ်သည် ဤမျှလောက် ရက်စက်ကြမ်းကြုတ်သူ ဖြစ်နေမယ်လို့ မမျှော်လင့်ထားပေ။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၈ အကြီးအကဲ လျိုယွင်ထန်း ရှိနေတာတောင် မင်းသား ချန်ရှင်းကို တိုက်ခိုက်နိုင်သေးသည်။

ယန့်ဖုံး၏ မျက်နှာသည် မည်းမှောင်သွားပြီး လုရွှမ်ကို လက်ဝါးကြီးဖြင့် ဆုပ်ကိုင်၍ ဝေ့ယမ်းပစ်ရန် ရည်ရွယ်လိုက်သည်။

"ဟမ့်!"

လုရွှမ်လည်း မပြေးဘဲ လက်ဖဝါးကို မြှောက်လိုက်ပြီး မင်းသားချန်ရှင်းကို သူ့ရှေ့မှာ ကာထားလိုက်ပေ၏။

အကယ်၍ ပြိုင်ဘက်၏ တိုက်ခိုက်မှု မရပ်တန့်ဘဲ ဆက်လက် တိုးလာပါက သူသည် အများဆုံး ဒဏ်ရာ ရမည်ဖြစ်ပြီး မင်းသား ချန်ရှန်းကတော့ ၎င်းဒဏ်ကို အပြင်းအထန် ခံရကာ သေချာပေါက် အရိုက်ခံရလိမ့်မည်။

"မင်း"

မင်းသားကို အကာအရံ အဖြစ်သုံးကာ သူ့အသက်ကို လုံးဝ ဂရုမစိုက်သည်ကို မြင်လိုက်ရသဖြင့် ယန့်ဖုံး၏မျက်နှာမှာ မည်းမှောင်သွားပြီး လက်ဝါးကို အမြန် ပြန်ရုတ်လိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း ဝုန်း!

သူ့လက်ဖဝါးကို အတင်းအကျပ် ဆုတ်ခွာလိုက်ရသည်။ သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ်တွင် အဆင့်၇ စွမ်းအားရှင်တစ်ဦး ဖြစ်ခဲ့သော်ငြားလည်း သူ့ရင်ဘတ်မှ တင်းတင်းကျပ်ကျပ်နှင့် အသက်ရှူမဝသလို ခံစားလိုက်ရဆဲဖြစ်သည်။ သူပြန်မထမီ ခုနစ်လှမ်း သို့မဟုတ် ရှစ်လှမ်း ဆက်တိုက် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"ဆရာ.... ကယ်ပါဦး!"

လည်ပင်းကို ဖျစ်ညှစ်ထားခြင်းကြောင့် မင်းသားချန်ရှင်းလည်း ကြောက်လန့်သွားကာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပေသည်။

မင်းသားတစ်ပါး အနေနဲ့ သူ့အဆင့်အတန်းကို လုံးဝဂရုမစိုက်ဘဲ သတ်ပစ်ဖို့အထိ သတ္တိရှိတယ်ဆိုတာ လူငယ်လေးရဲ့ မျက်လုံးကနေ မြင်နေရသည်​လေ။

ဗုန်း!

အော်ဟစ်သံများ ပြီးဆုံးပြီးနောက် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး အဖိုးအိုတစ်ဦး ရုတ်တရက် ထွက်ပေါ်လာသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Donde viven las historias. Descúbrelo ahora