Arc 3🗡121🗡အရှုံးပေးတဲ့အထိရိုက် (ပထမပိုင်း)

524 37 0
                                        

Chapter (121) Arc 3
အရှုံးပေးတဲ့အထိ ရိုက် (ပထမပိုင်း)

ကျောင်းသား တော်တော်များများက ဒီမြင်ကွင်းကို ကြည့်ဖို့ ရဲရင့်တာ မဟုတ်ပေမယ့် ဒီအဖြစ်အပျက်က စိတ်လှုပ်ရှားစရာ ကောင်းလွန်းနေ၏။

အကြီးအကဲဖန့်သည် ထိပ်တန်းအကြီးအကဲ ဆယ်ဦးတွင် တစ်ဦးဟုတ်သလို ယင်းယန်အကယ်ဒမီတွင် အကျော်ကြားဆုံး အကြီးအကဲတစ်ဦး ဖြစ်ပြီး သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် အဆင့်၇က လူတစ်ဦးပင် ဖြစ်သည်။

သာမာန်ကျောင်းသားတွေက သူ့ကိုတွေ့တဲ့အခါ စကားပြောဖို့ အရမ်းကြောက်ကြသည်။

ဒီကလေးက မည်မျှ သတ္တိရှိလို့ မာနကြီးနေပါသနည်း။ သိပ်ဟန်ဆောင်မနေရင် သေမှာ မလို့လား။

ဒီကျောင်းသားတွေ တင်မကဘဲ အမြဲတမ်း မာနကြီးနေတဲ့ ရှောင်းယွင့်ထျန်းတောင် ရူးလုမတတ် ဖြစ်သွားသည်။

မိသားစုနောက်ခံ၊ အရည်အချင်းနှင့် အခြားအရည်အချင်း များစွာကို အားကိုး၍ အကယ်ဒမီတွင် မောက်မာသူ ဖြစ်ခဲ့သော်လည်း သူ့ရှေ့မှ လူငယ်နှင့် နှိုင်းယှဉ်ပါက နောက်ကျကျန်နေသေးသည်။

ဒါဟာ ရိုးရိုးအဆင့် မဟုတ်တော့ဘူး။ ဒါပေမဲ့လည်း အခွင့်အရေး တစ်ခုပါပဲလေ။ တွေးရင်း သူ့မျက်လုံးထဲမှာ အေးစက်မှုတစ်ခု ပေါ်လာ၏။

သူ့အမြင်အရတော့ ဒီနေ့ ဝက်ခေါင်းလို အရိုက်ခံရရတဲ့ အကြောင်းရင်းက ဒီ​ကောင်လေးရဲ့ "အကြံပြုချက်" ကြောင့်ပါပဲ။ ဒီ​ကောင်လေးနဲ့ ဖက်တီးကြောင့်သာ မဟုတ်ရင် သူ့ကိုယ်သူ ဘယ်လိုလုပ် ဒီလောက် အရိုက်ခံရပါ့မလဲ။

"အကြီးအကဲဖန့်... ဒီလုရွှမ် အတူတူ အန္တရာယ်ကြုံတွေ့တာကို မြင်ရုံတင်မကဘဲ လူကယ်ဖို့ ငြင်းဆန်ခဲ့တယ်... ကျွန်တော် အရိုက်ခံရရတဲ့ အကြောင်းရင်းက သူ့ကြောင့်ပဲ!"

ရှောင်းယွင့်ထျန်းက အကြာကြီး ဟိန်းဟောက်လိုက်သည်။

"သူ့ကြောင့်လား?"

အကြီးအကဲဖန့်က သူ့နှလုံးသားထဲက ဒေါသတွေကို ထိန်းထားပြီး မျက်လုံးတွေကို မှိတ်ထားလိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now