Arc 3🗡141🗡အခုထွက်သွားလိုက်!

526 39 0
                                        

Chapter (141) Arc 3
အခုထွက်သွားလိုက်!

"မင်း ဘာပြောလိုက်တယ်??"

မင်းသားချန်ရှင်းသည် စကားမဆုံးခင် လျိုယွင်ထန်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွားသည်။

"ကျွန်တော် ဘာမှ မပြောခဲ့ပါဘူး?"

မင်းသား ချန်ရှင်းသည် ထိတ်လန့်တကြား ခြေတစ်လှမ်း နောက်ဆုတ်သွားခဲ့သည်။

"မင်းပြောတာက ပေရွှီးအခွဲ့မှာ အဓိပတိနယ်ပယ်ပဲ ရှိတဲ့ ကျောင်းသားက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တတိယအဆင့် စွမ်းအားရှင်ကိုတောင် သတ်ပစ်နိုင်တယ်?? ပြီးတော့ အကြီးအကဲဖန့်နဲ့ တခြားသူတွေနဲ့လည်း အတူမလာခဲ့ဘူး ဟုတ်လား?"

လျိုယွင်ထန်း၏ မျက်နှာမှာ အတန်ငယ် နီရဲနေ၏။

သူ့မြေး လျိုချွမ်းဖုန်းကို ဘယ်သူသတ်လိုက်တာလဲ ဆိုတာ သူတွေးနေတုန်း မင်းသားချန်ရှင်းရဲ့ စကားက ချက်ချင်း သူ့အာရုံကို ဖမ်းစားသွားခဲ့သည်။

ဖန့်ဝူဆွေ့နဲ့ အတူလာခဲ့တာ မဟုတ်ဘဲနဲ့တောင် သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် တတိယအဆင့်မှာ ရှိတဲ့ သန်မာသူတွေကို သတ်နိုင်တဲ့ တိုက်ခိုက်ရေး စွမ်းအားလည်း ရှိနေသေးတယ်တဲ့လား။

"ဟုတ်တယ်.... အစ်ကို လုရွှမ်ရဲ့ ကိုယ်ပိုင် စွမ်းအားက မမြင့်ပေမယ့် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အရမ်းပြင်းထန်ပြီး နည်းလမ်းမျိုးစုံနဲ့ အဆုံးမဲ့ စမ်းချောင်းတစ်ခုလို ထွက်ပေါ်လာတတ်တယ်။ သူ့လက်ထဲမှာ တစ်ဝက်တစ်ပျက် လှုပ်ရှားသွားခဲ့ပြီး ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရတာ အတိအကျပါပဲ။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို အရမ်းသဘောကျတာ"

မင်းသား ချန်ရှင်းသည် ကြောက်ရွံ့နေပုံရသော်လည်း အမှန်မှာ လုရွှမ်အား တမင်တကာ ချီးကျူးနေသလိုဖြင့် လျိုယွင်ထန်းကို သံသယများ ဖြစ်လာစေသည်။

မင်းသား ချန်ရှင်းသည် ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်လာကာ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ယခုအချိန်တွင် သူ၏ ကျင့်​ကြံမှုသည် သေမျိုးအသွင်ပြောင်းခြင်းနယ်ပယ် ပထမအဆင့်မှ ဒုတိယအဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now