Chapter (21) Arc 3
အဓိက အလုပ်အကိုင် သုံးခုဆိုင်ပိုင်ရှင်ငယ်လေးသည် အကြီးအကဲလုံယွမ်နှင့် ဤကဲ့သို့ စကားပြောဝံ့သည်ကို ကြားတော့ အားလုံးက အကြီးအကဲတော့ ဒေါသထွက်တော့မည်ဟု ထင်ကြသော်လည်း မထင်မှတ်ဘဲ အကြီးအကဲလုံယွမ်က သက်ပြင်းချကာ ပြန်ထိုင်ချလိုက်သည်။
"ဟူး!"
အကြီးအကဲလုံယွမ် ၏ အသွင်အပြင်ကြောင့် အခြားသူများသည် စကားမပြောဝံ့တော့ဘဲ အားလုံးက တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြသည်။
အချိန်အနည်းငယ် ကြာပြီးနောက် တံခါးဖွင့်သံနှင့်အတူ လုရွှမ်သည် မောပန်းနေသော မျက်နှာဖြင့် ထွက်လာခဲ့သည်။
သူသည် အဓိပတိနယ်ပယ်သို့ ရောက်ရှိသွားသော်လည်း ကျွမ်းကျင်သော လက်မှုပညာရှင် တစ်ဦးအတွက်ပင် ရွှေတုံးသတ္တုရိုင်းကို သန့်စင်ရန် ခက်ခဲဆဲပင်။
"ဒီမှာ ခင်ဗျားရဲ့ သံတုံးကြီးပဲ!"
သူ့လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ပြီး ဆိုင်ပိုင်ရှင်၏ လက်ထဲသို့ သံတုံးတစ်တုံး ထည့်ပေးလိုက်သည်။
"ကျန်တာတော့ ခင်ဗျား မုယန်ဖုန်းနဲ့ ဆက်ပြောလိုက်ပါ... ကျုပ် ခဏအနားယူချင်တယ် မနှောင့်ယှက်နဲ့!"
ပြောပြီးနောက် လှည့်ကြည့်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည်။
"ကောင်လေး"
မမျှော်လင့်ဘဲ ဂုဏ်သိက္ခာရှိသော အကြီးအကဲလုံယွမ်သည် အခန်းထဲတွင် တစ်နာရီကြာ စောင့်ဆိုင်းနေခဲ့သည်။ ဤလူသည် တစ်ချက်မျှ မကြည့်ဘဲ ထွက်လာပြီး နောက်တဖန် ပြန်ဝင်သွားခဲ့သည်။
သို့သော် အကြီးအကဲ လုံယွမ်သည် ဒေါသထွက်ကြောင်း စကားမပြောသောကြောင့် တလြား အကြီးအကဲများသည်လည်း ဒေါသထွက်ပေမယ့် မည်သူမျှ မလှုပ်ရဲကြပေ။
ထိုအခိုက်အတန့်တွင် အကြီးအကဲ လုံယွမ်၏ မလှမ်းမကမ်းမှ ဆိုင်ပိုင်ရှင်အား ကြည့်လိုက်ရာ ဆိုင်ပိုင်ရှင်သည် သူ့လက်ဖဝါးပေါ်ရှိ အရာအား တောက်ပသော မျက်လုံးများဖြင့် ကြည့်နေသည်ကို တွေ့ရ၏။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ