Arc 3🗡148🗡ခြေလေးချောင်း ကြေးနီကြက်

533 38 0
                                        

Chapter (148) Arc 3
ခြေလေးချောင်း ကြေးနီကြက်

"ဝိုး.... အရမ်းမိုက်တယ်ကွာ!"

"တစ်ဖက်လူက ဘယ်လောက်ပဲ သန်မာနေပါစေ သူသတ်မယ်လို့ ပြောတာနဲ့ သတ်လိုက်တာပဲ... ငါတို့ဒီကိုလာတာ ဗဟုသုတတွေလည်း ရလိုက်ပါပြီ.."

"ကောင်းလိုက်တာ! ဒီနေ့ကစပြီး လုရွှမ်က ငါ့ရဲ့ စံပြပုဂ္ဂိုလ်ပဲ!"

"မင်း နတ်ဘုရားမ ငါးပါးလုံးကို ဆွဲထားနိုင်တယ်ဆိုတာ အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီလွှမ်းမိုးနိုင်တဲ့ စိတ်ဓာတ်ကိုတော့ လေးစားတယ်ကွာ"

"ယောက်ျားဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်!"

လုရွှမ်သည် လျိုယွင်ထန်းကို သူတို့ မျက်စိရှေ့မှာပဲ သတ်ပစ်လိုက်သည်ကို မြင်လိုက်ရတဲ့အခါ ပေရွှီးအင်ပါယာမှ ကျောင်းသားများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

အခုလေးတင် လျိုယွင်ထန်းက ဆူညံပွက်လောရိုက်ပြီး ​ပြဇာတ်တစ်ပုဒ် ပြကာ ကျောင်းတော်က ကျောင်းသားတွေကို စစ်ဆေး၍ လူတိုင်းကို ဒေါသထွက်စေခဲ့သည်။

အကြီးအကဲဖန့်တောင်မှ ဒီမီးကို မငြှိမ်းသတ်နိုင်ခဲ့တာကို အပြင်စည်းက လူငယ်တစ်ယောက်က ဖြေရှင်းပေးခဲ့ပြီး ချက်ချင်းဆိုသလို လူတိုင်းရဲ့ အချစ်တော်ကြီး ဖြစ်လာခဲ့လေသည်။

ကြီးစိုးခြင်းဟူသည် အဘယ်နည်း။

ရူးသွပ်ခြင်း ဟူသည် အဘယ်နည်း။

ခွန်အားဟူသည် အဘယ်နည်း? အားလုံးကို လုရွှမ်က ပြသသွားလေပြီ။

အရင်ကတော့ အားလုံးက ​မော့ချုံ၊ ချန်စစ်ယန် နဲ့ တခြားသူတွေကို ဒေါသမျက်လုံးတွေနဲ့ ကြည့်နေပေမယ့် အခုတော့ မီးက လုရွှမ်ဆီကို တစ်ယောက်ပြီးတစ်ယောက် ပြောင်းလာကြသည်။

"လုရွှမ် ငါနင့်ကို လက်ထပ်ချင်တယ်!"

"အစ်ကိုရွှမ်.... ဒီနေ့ကစပြီး နင်က ငါ့အစ်ကိုပဲ!"

"အခုချိန်​ကစပြီး ငါနင့်ကို လိုက်တော့မယ်နော်?"

အမျိုးသမီး ကျောင်းသူ အများအပြားသည် ၎င်းတို့၏ ချစ်ခြင်းမေတ္တာကို ရဲရင့်စွာ စိတ်လှုပ်ရှားစွာဖြင့် ဖော်ပြကြပြီး အမျိုးသား ကျောင်းသား အများအပြားသည် ၎င်းတို့၏ ကြည်ညိုမှုကို ဖုံးကွယ်ထား၍ မရနိုင်ခဲ့ပေ။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now