Chapter (98) Arc 3
မျက်နှာဖြူကျောင်းသားလေးရှောင်း"ကောင်းပြီ စည်းကမ်းတွေ ချမှတ်ထားပြီးပြီ.... ငါ ဘယ်သူ့ကိုမှ မချိုးဖောက်စေချင်ဘူး။ လူတိုင်း ပျံသန်းသားရဲ တစ်ကောင်ကို ယူလိုက်... အဆင်သင့်ဖြစ်ရင် ထွက်ကြမယ်!"
အောက်ဖက်ရှိ ငိုကြွေးသံများကို လျစ်လျူရှုကာ အကြီးအကဲဖန့်သည် သူ၏လက်ကို ဝှေ့ယမ်းကာ လေထဲရှိ ပျံသန်းသားရဲ တစ်ကောင်ပေါ်သို့ ဦးစွာ ခုန်တက်လိုက်သည်။
အကြီးအကဲဖန့်သည် သူပြောသမျှကို အမြဲပြောနေမှန်း သိသဖြင့် ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။ အကူအညီမဲ့သော်လည်း ကျောင်းသားများစွာသည် ပျံသန်းသားရဲ၏ နောက်ကျောပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ခုန်တက်လိုက်ကြသည်။
"သွားရအောင်!"
လုရွှမ်လည်း အချက်ပြကာ သူသည် ပျံသန်းသားရဲ၏ နောက်ကျောပေါ်သို့ ဦးစွာ တက်သွားပြီး တောင်ဖောက် သင်းခွေချပ်နဂါးကို လွှတ်လိုက်ကာ အခြားသားရဲနောက်သို့ လိုက်သွားခဲ့သည်။
ဟွာချောင်၊ ဟန်ရွှယ်၊ မင်းသမီးလော့ရုံနှင့် အခြားသူများသည်လည်း နောက်မှ လိုက်လာကြသည်။
ရုတ်တရက် ရင်ပြင်ရှိ ကျောင်းသားအားလုံးသည် ပျံသန်းနေသော သားရဲများပေါ်သို့ တက်သွားကြစဥ် လူတစ်စုသည် ပြင်းထန်သော ပုံစံဖြင့် ရှေ့သို့ ပြေးသွားကြသည်။
ရှန့်ခုန်းချိုင့်ဝှမ်းသည် ပေရွှီးအင်ပါယာ အနောက်မြောက်ဘက် အခြမ်းတွင်ရှိပြီး ကီလိုမီတာ ရာချီထက်မနည်း အကွာအဝေး ရှိသည်။ တောရိုင်းသားရဲများဖြင့် နေ့ရောညပါ ပျံသန်းနေသော်လည်း ဆယ်ရက်ထက်ပို၍ မပျံသန်းလို့ ၎င်းကို ထင်ထားတာထက် စောစော ရောက်ရှိရန် မဖြစ်နိုင်ပေ။
ပျံသန်းချိန်က အရမ်းကြာမယ်မှန်း သိတာနဲ့ လုရွှမ်ဟာ အချိန်ဖြုန်းဖို့ စိတ်မ၀င်စားတော့ပေ။ တခြားကျောင်းသားတွေနဲ့ မတူဘဲ သူက ပျံသန်းသားရဲရဲ့ အနောက်ဘက်မှာ တင်ပျဉ်ခွေ ထိုင်လျက် စတင် လေ့ကျင့်ပါတော့သည်။
ကောင်းကင်တွင် လေတိုက်ခတ်လာသဖြင့် ကျောင်းသားများစွာသည် ကျင့်ကြံမှုတွင် အာရုံမစိုက်နိုင်သော်လည်း သူ့အတွက်ကတော့ ဘာမှမဖြစ်သည့်အတိုင်း ငြိမ်သက်နေ၏။

ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Ficción históricaArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ