Arc 3🗡133🗡ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း (ဒုတိယပိုင်း)

427 37 0
                                    

Chapter (133) Arc 3
ခန္ဓာကိုယ်အတွင်း ဝင်ရောက်ခြင်း (ဒုတိယပိုင်း)

ခြေလှမ်းအနည်းငယ် လျှောက်လာခဲ့ပြီး သူသည် အိပ်ပျော်နေသော တောင်ဖောက်နဂါးဆီသို့ ရောက်လာပြီး တစ်ဖက်သားကို နိုးသွား​စေသည်။

"ငါ့ကို သွေးနည်းနည်း လောက်ပေးပါ!"

"ဝူး?"

တောင်ဖောက်နဂါး၏ မျက်လုံးများက ဝိုင်းစက်ကာ သတိထားနေသည့် အကြည့်ဖြင့်။

"ဒီမှာ ဟန်ဆောင်​နေတာကို ရပ်လိုက်စမ်းပါ... မင်းမှာ သွေးနည်းသွားလည်း မသေပါဘူး.... စိတ်မပူပါနဲ့ အချိန်တန်ရင် ငါ လျော်ကြေးပေးပြီး မင်းဆန္ဒအတိုင်း ဖြစ်ခွင့်ပေးမယ်!"

လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဝူး!"

တောင်ဖောက်နဂါးကြီးသည် စိတ်ဆိုးနေပုံရသော်လည်း အဆုံးတွင် သူ၏ခြေဖျားနှင့် ခြေသည်းများကို ဆုတ်ထားဆဲဖြင့် သွေးများစွာကို ပေးလိုက်ပါ၏။ ဒီမြင်ကွင်းကို တခြားတစ်ယောက်ယောက်က မြင်လိုက်မိရင် ချက်ချင်း လန့်သွားလိမ့်မည်။

နဂါးမျိုးရိုး၏ သားစဉ်မြေးဆက်များသည် အလွန်ပါးလွှာသော သွေးများ ရှိသော်လည်း အလွန်မာနကြီး ကြသည်။ သူတို့သည် လူသားများကို အရှုံးမပေးသလို ၂.၅၈ သန်းအထိ တန်ဖိုးရှိပြီး ၎င်းတို့ကို ထောက်ပံ့ရန်အတွက် ရတနာများစွာ လိုအပ်သည်။

ဒါမှသာ ၎င်းတို့ဖက်က ကူညီရန် အစပျိုးလုပ်ဆောင်ကြ၏။

လုရွှမ် ကဲ့သို့ပင်။ တောင်ဖောက်နဂါးကို လူဆိုးအဖြစ် သဘောထားကာ သွေးအချို့ကို အခါအားလျော်စွာ ထုတ်ယူနေခြင်းက သားရဲထိန်းသူသည် မည်မျှပင် အစွမ်းထက်သည်ဖြစ်စေ မစွမ်းဆောင်နိုင်ပေ။

ဤသည်မှာ နဂါးသွေး ဖြစ်သည်။ နဂါးမျိုးဆက်က လူတစ်ယောက်ဆီ သူ့သွေးကို ပေးနေတယ်ဆိုတာ အိပ်မက်​တော့ မဟုတ်ပေ။

သွေးများ ရသည်နှင့် လုရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ အနီးနားတွင် မည်သူမျှ မရှိသောနေရာကို ရှာ၍ ဝိညာဉ်လှုပ်ခါကာ ကျောက်စိမ်းထဲ ဝင်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Donde viven las historias. Descúbrelo ahora