Chapter (64) Arc 3
ကျန်းရှောက်ချန်ရဲ့ဖိအားသားရဲခန်းမသည် မည်မျှ အစွမ်းထက်ကြောင်း ပြသနိုင်သည့် အရာမှာ ၎င်းတို့သည် သားရဲမျိုးနွယ်နှင့် ဆက်သွယ်နိုင်သည်။ သားရဲ ဘာသာစကားသည် မရေမတွက်နိုင်သော အစွမ်းထက်သူများ၏ အိပ်မက်တစ်ခု ဖြစ်သည်။ ၎င်းကို အမှန်တကယ် လဲလှယ်လိုပါက အင်ပါယာတစ်ခုပင်လျှင် ၎င်းတို့အလိုရှိသရွေ့ အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။
လုရွှမ်သည် နောက်ဆုံး အားကိုးရာသာ မဟုတ်ပါက ၎င်းကိုမလုပ်ချင်ပေ။ သူသည် အခြားသူများအတွက် စိတ်မကောင်းဖြစ်မိသောကြောင့် မဟုတ်ဘဲ သားရဲဘာသာစကားသည် သားရဲဂိုဏ်းနှင့် သက်ဆိုင်နေသောကြောင့် ဖြစ်သည်။
သတင်းတစ်ပုဒ် ထွက်သွားတာနဲ့ ဧကရာဇ်ကျိုရန်မှ ရှာတွေ့သွားနိုင်၏။
လုရွှမ်သည် ငြိမ်သက်စွာ ဆက်လက် စားသောက်နေခဲ့ပြီး အပြင်ဘက်တွင် မင်းသားချန်ရှင်းကတော့ မီးလောင်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
"သေရမယ်.... သေကို သေရမယ်!"
ဟောက်သံနှင့်အတူ မင်းသားချန်ရှင်း၏ မျက်နှာသည် ရက်စက်ကြမ်းကြုတ်နေသည့် အရိပ်အယောင်များ ထင်ဟပ်နေသည်။ ၎င်းသည် မတိုင်ခင်က ခန်းမထဲတွင် ငြိမ်သက်နေသော ပုံစံနှင့် လုံးဝကို ကွဲပြားလျက်ရှိကာ သူသည် ဒေါသကြီးနေတဲ့ သားရဲတစ်ကောင်လို ဖြစ်နေသည်။
သိက္ခာရှိတဲ့ မင်းသားလေးဟာ ဒီလိုမျိုး လူမြင်ကွင်းမှာ သုံးကြိမ်တိုင်တိုင် ပါးရိုက်ခံလိုက်ရတာကို ဘယ်လိုလုပ် သည်းခံနိုင်မလဲ။ သူ့အရေခွံကို ချွတ်ပြီး ကိုယ်လုံးတီးနဲ့ လူအများရှေ့မှာ ပစ်ချလိုက်သလိုပဲ။
"သေရမယ်... အဲဒီအမျိုးသမီး သုံးယောက်လည်း သေရမယ်... မသေခင် သူတို့ကို ဖျက်စီးပစ်မယ် ပြီးတော့ ထောင်နဲ့ချီတဲ့ ယောက်ျားတွေဆီက မုဒိမ်းကျင့်ခံရမယ့် ပြည့်တန်ဆာအိမ်ကို ရောင်းစားပြီး ငါ့ကို မနာခံတဲ့အတွက် သူတို့ သိအောင် ပြောပြလိုက်မယ်"
ယခုအချိန်တွင် သူ့တွင် ယခင်ကလို ပြေပြစ်သော အမူအယာမျိုး မရှိတော့ဘဲ ရှက်ရွံ့ပြီး ရက်စက်ချင်နေသည့် အပြုအမူများသာ ရှိနေ၏။

ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Ficción históricaArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ