Arc 3🗡86🗡အပူပြင်းပိုးမွှားရောဂါ

560 41 0
                                        

Chapter (86) Arc 3
အပူပြင်းပိုးမွှားရောဂါ

"ဆေးဝါးသခင်မချန်... သူ့ပေါက်ကရ စကားတွေ ပြောနေတာ ဖြစ်ရမယ်... သူဘယ်လိုလုပ် ကုနိုင်မှာလဲ! ဒီမှာ ဆေးဆရာတွေ အများကြီး ရှိနေတယ်လေ ​​ဘယ်သူမှ သူ့ကို မကုသနိုင်ဘူး။ သူက ဆံပင်မွေး​တောင် မစုံသေးတဲ့ ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ် အရွယ် ကောင်လေးပဲ.... သူက ကုသနိုင်တယ်ဆိုတာ ရယ်စရာကောင်းတယ်!"

လုရွှမ်၏ စကားကို ကြားသော် အားလုံးက တခဏချင်း ထိတ်လန့်သွားပြီး သခင်မဟိုင်ထန် မခံနိုင်တော့ဘဲ ထအော်လိုက်သည်။

သူမနှင့် မင်းသားချန်ရှင်း တို့သည် အတူရှိခဲ့ကြပြီး ယခု မင်းသားသည် အရိုက်ခံရပြီးနောက် မြေပြင်ပေါ်တွင် လဲလျောင်းနေပါ​ပြီ။ ဆေးဝါးသခင်မချန်သာ တစ်ဖက်လူအား ယုံကြည်ပါက သူမသည် အဆုံးစွန်ထိ ဒုက္ခရောက်မည်ကို စိတ်ကူးကြည့်ရုံ​ဖြင့် သိနိုင်သည်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ် ဒီလိုမဖြစ်အောင် တားဆီးရမည်။

"သူ့​ပါးစပ်ကို အကြိမ်တစ်ရာလောက် ရိုက်ပြီး ဒီမိန်းမကို ဖယ်ရှားလိုက်.... မြေသွေးကြော နှလုံးစပျစ်ပင် ပြဿနာကို ကျုပ်ကူညီ ဖြေရှင်းပေးမယ်"

ဤဆွဲဆောင်မှုရှိသော အမျိုးသမီးကို အာရုံစိုက်ရန် ပျင်းလွန်းသဖြင့် လုရွှမ်သည် မလှမ်းမကမ်းက ဆေးဝါးသခင်မချန်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါ..."

သခင်မချန် တုံ့ဆိုင်းသွားသည်။

သူမ မယုံတာ မဟုတ်ပေမယ့် လုရွှမ်ရဲ့ အသက်က ငယ်လွန်းသည်လေ။ ဆေးဆရာ တော်တော်များများက ဒီပြဿနာကို မဖြေရှင်းနိုင်ဘူး။ သူက ဆယ့်ခြောက်နှစ် ဒါမှမဟုတ် ဆယ့်ခုနစ်နှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ။ သူတကယ် ဖြေရှင်းနိုင်ပါ့မလား။

မဖြေရှင်းနိုင်ပါက မိုက်မဲစွာ ပြောနေရုံဖြင့် ပေရွှီးအင်ပါယာကို စော်ကားခြင်း အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဤကိစ္စသည် ပြဿနာကြီးတစ်ခု ဖြစ်လာမည် ဖြစ်သည်။

"ငါ မင်းကို အခွင့်​အ​ရေး​ ပေးထားပြီးသား... မင်း​ရဲ့ရွေးချယ်​ပုံ​ပေါ် မူတည်​တယ်​... မင်း​အရွေးမှားရင်​ နှလုံးသားစပျစ်​ပင်​​ သေ​မယ်​ မင်း အပြစ်​ဒဏ်​ခံဖို့ ​ဆေးဥယျာဉ်​ဌာနချုပ်​ကို ပြန်​သွားလိမ့်​မယ်​လို့ ငါယုံကြည်​တယ်​...  ယောက်ချီဆိုတဲ့ နတ်​ဆိုးအိုကြီးက မင်းကို လောကကြီးမှာ အသက်ရှင်လျက် ထားမှာ မဟုတ်ဘူး!”

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now