Chapter (111) Arc 3
ရှောင်းယွင့်ထျန်းနဲ့ ထပ်မံတွေ့ဆုံခြင်းတာဝန်ခံယွင် ဆေးဖက်ဝင်ပစ္စည်းများ ရောင်းသည့် နေရာမှ ထွက်ခွာပြီးနောက် လုရွှမ်သည် စိမ့်မြက်ကို ချန်စစ်ယန်ထံ တိတ်တဆိတ် ပစ်ပေးလိုက်သည်။
"အာ?"
ချန်စစ်ယန် အံ့အားသင့်သွားပြီး သူမလက်ကို အမြန် ဝှေ့ယမ်းလိုက်သည်။
"မဖြစ်ပါဘူး... ဒါက ရှင် ခက်ခက်ခဲခဲနဲ့ ရထားတာ... ကျွန်မက ဘာမှ မလုပ်ထားဘူးလေ.. အဲဒါကြောင့် ကျွန်မ ဘယ်လိုလုပ် ဒါကိုယူဖို့ အရည်အချင်း ရှိပါ့မလဲ?"
သူ့အစွမ်းအစဖြင့် လူငယ်သည် အစိမ်းရောင်ဝတ်ရုံဖြင့် အဘိုးအိုကို အနိုင်ယူပြီး ဤမြက်ပင်ကို ရရှိခဲ့သည်။ သို့သော် သူမသည် အခြားသူများ၏ အရာကို ဘာမှမလုပ်ဘဲ အခွင့်အရေးယူကာ မလိုချင်ပေ။
"မင်းအတွက် စိမ့်မြက်ဝယ်ဖို့ လိုအပ်တယ်ဆိုလို့ ငါကူညီတာ မင်းမလိုချင်ဘူး ဆိုရင် ငါက ဘာလို့ သိမ်းထားရမှာလဲ"
မိန်းကလေး၏ စိုးရိမ်စိတ်နှင့် အနည်းငယ် နီမြန်းနေသော မျက်နှာကို မြင်တော့ လုရွှမ် ပြုံးလိုက်သည်။
၎င်းသည် သူနှင့် တစ်ဖက်လူ အကြားတွင် အလောင်းအစား ဖြစ်ခဲ့သော်လည်း ရည်ရွယ်ချက်မှာ ချန်စစ်ယန်အတွက် ဖြစ်နေဆဲ ဖြစ်သည်။ မဟုတ်ပါက သူဝယ်ထားသော မြရောင်ဝါးသည် အစစ်လား သို့မဟုတ် အတုဖြစ်သည်မှာ သူ့နှင့်မဆိုင်တော့ချေ။
"ဒါဆို ဒီလိုလုပ်ရင်ရော? တာဝန်ခံယွင်နဲ့ ညှိနှိုင်းထားတဲ့ စျေးနှုန်းအတိုင်း ကျွန်မရှင့်ကို ပေးမယ်"
တစ်ဖက်လူက ဒီပစ္စည်းကို သူမကို တကယ်ပဲ ပေးချင်နေပြီး သူမ တကယ် လိုအပ်နေတာကို တွေ့လိုက်ရတော့ ချန်စစ်ယန် မငြင်းဆန်တော့ဘဲ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည်။
"မင်းသဘောပဲ!"
လုရွှမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
တစ်ဖက်လူက ပိုက်ဆံပေးမလား မပေးဘူးလား ဆိုတာ သူ ဂရုမစိုက်ဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံမပေးရင်တောင် အရှုံး မရှိခဲ့ဘူးလေ။ ဒါပေမဲ့ မလိုချင်ဘူးလို့ အခိုင်အမာပြောရင် သူ့ရှေ့က မိန်းကလေးက လက်မခံဘူးဆိုတာ သေချာပါ၏။

YOU ARE READING
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Historical FictionArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ