Arc 3🗡42🗡မော့ချုံလှုပ်ရှားခြင်း

625 52 0
                                        

Chapter (42) Arc 3
မော့ချုံလှုပ်ရှားခြင်း

လုရွှမ်၏ မျက်လုံးများတွင် တစ်ဖက်လူ၏ လုပ်ဆောင်ချက် များစွာသည် လူရွှင်တော်နှင့် တူသောကြောင့် သူ အာရုံစိုက်ရန် စိတ်မ၀င်စားဘဲ ကောင်းကင်ကျားကို လွှတ်ပေးရန် လှောင်အိမ်ဖက်ကို လှည့်ကြည့်လိုက်သည်။

သူ့လုပ်ရပ်ကိုမြင်တော့ ပိုင်ရှောင်းရဲ့မျက်နှာက မည်းမှောင်သွား၏။

"အသိတရား မရှိတဲ့ကောင်!"

မျက်နှာဖြူ ကျားကြီး၏ နောက်ကျောတွင် ထိုင်နေခဲ့သည့် ပိုင်ရှောင်းသည် တန်ခိုးရှင်နှင့် အစွမ်းထက်မြက်သော တန်ခိုးရှင် တစ်ယောက်ကဲ့သို့ အသက်ရှူသံများကို ထုတ်လွှတ်နေသည်။

"လစ်စမ်း!"

အသံသာ ထုတ်လွှင့်၍ လုရွှမ် ခေါင်းပင်လှည့်ကြည့်မလာချေ။

"မင်း ဘာပြောလိုက်တယ်?"

ပိုင်ရှောင်းရဲ့ မျက်နှာက နီရဲလာပြီး ဦးရေပြား ရုတ်တရက် ပေါက်ကွဲသွားတော့မလို ဖြစ်လာသည်။

"မင်း နားမကြားဘူးလား? မျက်စိကန်းနေတာလား? ငါတို့ရဲ့ သခင်​လေးက မင်းကို ထွက်သွားဖို့ ပြော​နေတယ်လေ မင်းမကြားဘူးလား"

လျောက်ချင်း ဟစ်အော်လိုက်သည်။

"ကောင်လေး... မင်းက သေချင်နေတာပဲ!"

ပိုင်ရှောင်းဟာ ဒီလို အပြောခံရဖို့ မမျှော်လင့်ထားပါဘူး။ ဒါဟာ အဓိပ္ပါယ်မဲ့တဲ့ စကားပဲ။ လူပြက်အဖြစ် ပုံသွင်းခံလိုက်ရတဲ့အခါ ဒေါသတွေ ထွက်ပေါ်ပြီး အဆုတ်တွေပင် ဖောင်းပွလာခဲ့သည်။

"ဟေး အဲဒါကို စိတ်ပူစရာ မလို​တော့ဘူး ထင်တယ်"

ဒီမြင်ကွင်းကို မြင်လိုက်ရတော့ ဟွမ်ချောင်ရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားစွာ တောက်ပသွားသည်။

အခုလေးတင် ပိုင်ရှောင်းဟာ ကောင်လေးက နူးညံ့တဲ့ စကားလုံးတွေ ပြောပြီး လွှတ်​ပေးလိုက်မှာကို ကြောက်နေခဲ့တာ။ အခုတော့ ပိုင်ရှောင်း လုံးဝ ဒေါသထွက်လာပြီ ဆိုတော့ ဒီကောင်လေး မသေဘူးလား ကြည့်လိုက်ရအောင်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now