Chapter (134) Arc 3
ရွှေအရှိန်မကြာခင်မှာ အားလုံးက ပိုလို့တောင် စိတ်ရှုပ်သွားခဲ့သည်။
အမြဲတမ်း တည်ငြိမ်ခဲ့သူ လုရွှမ်သည် တည်ငြိမ်မှု နည်းလာသောကြောင့် ဖြစ်သည်။ သူသည် ချိုင့်ဝှမ်းထဲတွင် နေ့တိုင်း လမ်းလျှောက်သွားကာ တစ်ခါတစ်ရံ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် မြေကြီးထဲသို့ ဝိညာဉ်ကျောက်တုံး ပစ်ချကာ တစ်ခါတစ်ရံ သူရထားသော တစ္ဆေအဆင့်လက်နက်ကိုပါ ပစ်ချ၍ မြေကြီးထဲ ဝှက်ထားလိုက်၏။
တိုတိုပြောရရင် ငွေမလိုချင်လို့ လုယက်ခဲ့တဲ့ ပစ္စည်း အမျိုးမျိုးကို သူ့လက်ထဲကနေ စွန့်ထုတ်ပစ်နေသလို ရတနာမျိုးစုံကို လွှင့်ပစ်နေသည်။
ဒါကို သုံးရက်ဆက်တိုက် ဆက်တိုက်လုပ်နေ၏။
"သူ ဘာလုပ်နေတာလဲ?"
မင်းသမီးလော့ရုံ သည်းမခံနိုင်တော့ဘဲ ပြောလိုက်သည်။
"အဲဒါက အခင်းအကျင်း ဖွဲ့စည်းမှု တစ်မျိုးမျိုးကို လုပ်နေတာဖြစ်မယ် ဘာလဲဆိုတာတော့ ငါမသိဘူး!"
ဟန်ရွှယ်က တစ်ဖက်မှ ဖြေသည်။
ဟန်ရွှယ်သည် အခင်းအကျင်း ဖွဲ့စည်းခြင်းဆိုင်ရာများကို လေ့လာထာပြီး သူမကိုယ်တိုင်လည်း ဖွဲ့စည်းမှုဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးဖြစ်သည်။ လုရွှမခ၏ လှုပ်ရှားမှုများသည် ထူးဆန်းသော်လည်း အချို့သော ဖွဲ့စည်းမှုပုံစံများကို သဲသဲကွဲကွဲ မြင်တွေ့နိုင်သည်။
သို့သော် အခင်းအကျင်း ဖွဲ့စည်းမှုအဆင့်က မြင့်မားလွန်းတာကြောင့် သူမ လုံးဝ နားမလည်နိုင်ချေ။
"အခင်းအကျင်းတွေ ဖွဲ့စည်းနေတယ်? ငါတို့က ဒီမှာ ဘာလို့ ဒါတွေလုပ်နေတာလဲ? ရတနာတွေ သွားရှာရမှာ မဟုတ်ဘူးလား?"
မင်းသမီးလော့ရုံမှာလည်း နားမလည်တာကြောင့် သံသယများ ပြည့်နှက်သွားသည်။
ဤသည်မှာ ရှန့်ခုန်းချိုင့်ဝှမ်း ဖြစ်ပြီး ယင်းယန်အကယ်ဒမီက ဝမ့်ထျန်းနန်းဆောင် မဟုတ်ပါ။ ထို့ကြောင့် ဤနေရာတွင် တစ်ချိန်လုံးနေရန် မဖြစ်နိုင်ပေ။ အခင်းအကျင်း ဖွဲ့စည်းရန် ငွေအမြောက်အမြား သုံးနေရခြင်းမှာ အဘယ်ကြောင့်နည်း။
"ဒါက ငါလည်း မသိဘူး"
ဟန်ရွှယ် ခေါင်းခါလိုက်သည်။
တစ်ဖက်လူက အခင်းအကျင်း တစ်ခုလုပ်ဖို့ စီစဉ်နေတာကို သူမ မြင်နိုင်ပေမယ့် သူ ဘာလုပ်မယ် ဆိုတာကိုတော့ သူမ မမြင်နိုင်ခဲ့ပေ။
လေးရက်မြောက်နေ့မှဟာ လုရွှမ်ဟာ ရပ်တန့်သွားခဲ့သည်။
"မင်းတို့... အခု ချိုင့်ဝှမ်း အပြင်ဘက်ကို ဆုတ်သွားတော့ ငါ့အမိန့်မပါဘဲ ဝင်ခွင့်မရှိဘူး!"
သူ လူအုပ်ဆီကို ရောက်လာသောအခါ အားလုံးကို အမိန့်ပေးလိုက်သည်။ အားလုံးက သံသယတွေ ပြည့်နှက်နေပေမယ့် နောက်ဆုံးတော့ ခေါင်းညိတ် သဘောတူကြပြီး ချိုင့်ထဲကနေ ထွက်သွားကြကာ မဝေးတဲ့နေရာမှာ စခန်းချလိုက်ကြ၏။
အားလုံး ထွက်သွားပြီးနောက် လုရွှမ်သည် ချိုင့်အလယ်သို့ ရောက်လာပြီး ဆေးဥယျာဉ်မှ သူတွေ့ရှိခဲ့သော အထူးဆေးဖက်ဝင် အပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူကာ လက်ဖဝါးထဲတွင် မီးညှိလိုက်သည်။
ဟူ!
ချက်ချင်းပင် မွှေးရနံ့က ချိုင့်ဝှမ်း တစ်ခုလုံးကို လွှမ်းခြုံသွားပြီး အဖြူရောင် မီးခိုးငွေ့များက တဖြည်းဖြည်း မြင့်တက်လာကာ ကောင်းကင်သို့ ပျံ့လွင့်သွားသည်။
လုရွှမ်လည်း ဘာမှမလုပ်သေးဘဲ အမြင့်ဆုံး သစ်ပင်ဆီသို့ ပြေးသွားပြီး တစ်စုံတစ်ခုကို စောင့်ဆိုင်းနေသကဲ့သို့ မီးလောင်နေသော ဆေးဖက်ဝင် ပစ္စည်းများကို ကြည့်နေလေသည်။
ဤအခိုက်အတန့်တွင် သူ့တစ်ကိုယ်လုံးရှိ ထွက်သက်ဝင်သက် စွမ်းအင်ကို လုံးလုံးလျားလျား မျိုသိပ်ထားပြီး သူ့တစ်ကိုယ်လုံးမှာ နှလုံးခုန်သံ၊ အသက်ရှူသံ သို့မဟုတ် အတွေးများပင် မရှိဘဲ အေးခဲနေသော ကျောက်တုံးကဲ့သို့ ဖြစ်နေသည်။
ကျင့်ရှီးမြက်ဖြင့် သန့်စင်ထားသော ကျင့်ရှီးဆေးသည် သူ့ခန္ဓာကိုယ်မှ ထုတ်လွှတ်သော စွမ်းအားကို အပြည့်အဝ ဖုံးကွယ်နိုင်စေသည်။ သူ၏ ခွန်အားများ တိုးလာသည်နှင့်အမျှ ဤစွမ်းရည်သည် ပို၍ ပို၍ သိသာလာခဲ့၏။ သူသည် ၎င်းကို အမှန်တကယ် ဖုံးကွယ်ထားလိုပါက သေမျိုးအသွင်ပြောင်းခြင်း နယ်ပယ် အဆင့်၇ သို့မဟုတ် အဆင့်၈ သန်မာသော ပုဂ္ဂိုလ်ပင်လျှင် ရှာမတွေ့နိုင်ပေ။