Chapter (77) Arc 2
အခုဆွေးနွေးလို့ ရပြီလား!လမ်းခရီးမှာ နောက်ဆုံးတော့ သူမတို့ဟာ ဘဝရဲ့ သေရေးရှင်ရေးကို အတူတူ တွေ့ကြုံခံစားခဲ့ရပြီး သူ့ကို ချစ်ခင်တွယ်တာတဲ့ စိတ်ရှိတာကြောင့် သူ့ကို ဒေါသထွက်နေတဲ့ ဘိုးဘေးအား ခေါင်းဖြတ် မသတ်စေချင်ပေ။
"လုရွှမ် နင်ဘာတွေပြောနေတာလဲ? မြန်မြန် ဘိုးဘေးကို တောင်းပန်လိုက်လေ!"
အလျင်အမြန်ဖြင့် စကားအနည်းငယ် ရှင်းပြလိုရင်း ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သော်လည်း ဘိုးဘေးက လေးနက်သော မျက်လုံးများဖြင့် ကြည့်ကာ သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ ဖြာထွက်နေပြီး ခန်းမတစ်ခုလုံး အေးခဲသွားစေလေသည်။
"အရမ်းကောင်းတယ်!"
"ဟန်ရောင်... ဒါ မင်းရှာလာတဲ့ သခင်လေးလား"
ဟန်မိသားစု၏ ဘိုးဘေးကြီးသည် ကျောင်းအုပ်ကြီး ဟန်ရောင်ကို ကြည့်လိုက်ပြီး သူ့လူသတ်ချင်စိတ်ကို ဖုံးကွယ်မထားနိုင်တော့ဘဲ ဒေါသတကြီး အော်ဟစ်လိုက်သည်။
"သူ့ကိုသတ်လိုက်....ဒါဆို မင်းအရင်က လုပ်ခဲ့တဲ့အမှားတွေအတွက် ငါခွင့်လွှတ်ပေးမယ်... မဟုတ်ရင် မင်းရဲ့သခင်လေးကိုတင် မဟုတ်ဘူး မင်းလည်း အပြင်းထန်ဆုံး အပြစ်ပေးခံရလိမ့်မယ်!"
"ဘိုးဘေးကြီး"
မမျှော်လင့်ဘဲ ဘိုးဘေးကြီးက ဒီလိုအမိန့်ပေးလိုက်တာကြောင့် ဟန်ရောင်လည်း ခေါင်းကို အလျင်စလို ခါလိုက်ပြီး
"မိသားစုကပေးတဲ့ ပြစ်ဒဏ်ကို ကျုပ်လက်ခံနိုင်ပေမယ့် သခင်လေးကို သစ္စာဖောက်ဖို့တော့ မဖြစ်နိုင်ဘူး!"
ဒီသခင်လေးနောက်ကို လိုက်ပြီး သိပ်မကြာခင်မှာပဲ သူသည် သခင်ဆီကနေ ပြီးပြည့်စုံတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့၏။ ဟန်ရောင်သည် မတုံးတာကြောင့် ဘာကို ရွေးချယ်သင့်သလဲ သိလေသည်။
"ဒါ မင်းရဲ့ရွေးချယ်မှုပေါ့...ကောင်းပြီ! အခွင့်အရေးကို ဘယ်လို အသုံးချရမှန်း မသိဘူးကိုး!"
သူ့စကားကြားသော် ဟန်မိသားစုရဲ့ ဘိုးဘေးကြီးက မကူညီနိုင်တော့ဘဲ အဓိပတိနယ်ပယ်၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်တော့သည်။

ESTÁS LEYENDO
ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန်
Ficción históricaArc 2 chapter (54)ရဲ့ အဆက်ပါ Arc 2 chapter (54)ရဲ႕ အဆက္ပါ