Arc 3🗡102🗡အကြီးအကဲဖန့်အတွက် သင်ခန်းစာ

582 35 0
                                        

Chapter (102) Arc 3
အကြီးအကဲဖန့်အတွက် သင်ခန်းစာ

ဗုန်း!

မော့ချုံနှင့် ချန်စစ်ယန်တို့ ထွက်ခွာသွားပြီးနောက် လုရွှမ်သည် သူ့ပတ်ဝန်းကျင်ရှိ အကြည့်များကို လျစ်လျူရှုကာ အတားအဆီးကို စတင်ချိုးဖောက်တော့သည်။

ခဏအကြာတွင် သူ့ခန္ဓာကိုယ်ထဲတွင် ဟိန်းဟောက်သံ တစ်ခုထွက်ပေါ်လာပြီး ပထမအဆင့် နန်းတော်ပင်လယ် နှစ်စင်း၏ အတိုင်းအတာသည် တစ်ဖန်တိုးလာခဲ့သည်။ နောက်ပြီး သူ့​ရဲ့​ခွန်အား​တွေလည်း ထပ်​ပြီး ဖြတ်​​ကျော်သွား​သည်။

အဓိပတိနယ်ပယ် နှောင်းပိုင်းအဆင့်!

ယခင်ကဲ့သို့ပင် စစ်မှန်သော ဝိညာဥ်စွမ်းအင်၏ စွမ်းအားသည် ၁သိန်း ထပ်မံတိုးလာပြီး ၇သိန်း သို့ ရောက်ရှိသွားသည်။

သာမန် အဓိပတိနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် စွမ်းအား ၃သိန်း သာရှိပြီး သူ့တွင် ၇သိန်း ရှိနေပြီမို့ နှစ်ဆကျော် ပိုများသည်ဟု ဆိုလို့ရသည်။

နဂါးဆင်ရွှေလက်ဝါး၊ ဆင်သံချပ်ရွှေကိုယ်ထည်နှင့် စိတ်ဝိညာဉ်သခင်၏ စွမ်းအားကို အသုံးမပြုမီ သူသည် အများဆုံး ၂.၉ သန်း ကိုသာ သုံးနိုင်သော်လည်း ယခုအခါ ကန့်သတ်ချက်ကို ကျော်ဖြတ်ပြီမို့ ၃.၀၅ သန်းအထိ ရောက်ရှိသွားပြီ။

ဤသည်မှာ ယွမ်ချီနယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် အားကြီးသောသူများ ပိုင်ဆိုင်သည့် စွမ်းအားဖြစ်နေပြီ ဖြစ်သည်။

အဓိပတိနယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ပြီးနောက် ဝိညာဉ်စွမ်းအင်စုပ်ယူမှု အရှိန်သည် ယခင်ထက် ပိုမိုမြန်ဆန်လာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအား အတိုင်းအတာသည် ၀.၉၉ သာရှိသေးပြီး နောက်ဆုံးအဆင့်သို့ မဖြတ်သေးသော်လည်း ယွမ်ယန်ဝိညာဥ်ချီသည် ပိုမိုလျင်မြန်စွာ ပြေး​နေပြီး ဒုတိယနယ်ပယ် တံခါးဖွင့်အဆင့်ကို အောင်မြင်စွာ ဝင်ရောက်လာခဲ့သည်။

အောင်မြင်မှု ပြီးသွားသောအခါတွင် သူသည် သူ၏ လေ့ကျင့်မှုကို အပြည့်အဝ စုစည်းရန် အချိန်အတော်ကြာ လေ့ကျင့်ခဲ့သည်။ လုရွှမ်သည် အသက်ရှူထုတ်ကာ မျက်လုံးများကို ဖွင့်လိုက်သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now