Arc 3🗡140🗡စစ်ဆေးမေးမြန်းခြင်း

568 43 0
                                        

Chapter (140) Arc 3
စစ်ဆေးမေးမြန်းခြင်း

လာသမျှလူတိုင်းကို မြင်တော့ အကြီးအကဲစီးထူက သူ့လက်ကြီးနဲ့ ယမ်းလိုက်ပြီး သူ့မျက်လုံးတွေက တောက်ပနေတဲ့ အလင်းရောင်တွေနဲ့ လူတိုင်းကို ဖုံးအုပ်ထားလိုက်သည်။

ဤအင်အားဖြင့် ဖုံးလွှမ်းထားရာ အတွင်းခန်းမှ ကျောင်းသား ၁၃ ဦး၏ မျက်လုံးများသည် တဖြည်းဖြည်း မှုန်ဝါးလာ၏။

"ယင်းယန်အကယ်ဒမီက အမှန်တကယ် အရည်အချင်းတွေနဲ့ ပြည့်နှက်နေတာပဲ.... ဒီအကြီးအကဲစီးထူက ရာဇ၀တ်မှုဆိုင်ရာ စစ်ဆေးမေးမြန်းနည်းကို သိနေမယ်လို့ မမျှော်လင့်ထားဘူး"

ယန့်ဖုံးသည် ဤမြင်ကွင်းကို သူ့မျက်လုံးထဲတွင် မြင်လိုက်ရပြီး အံ့သြမဆုံးနိုင် ဖြစ်သွားသည်။

"စစ်ဆေးမေးမြန်းခြင်း နည်းလမ်း?"

မင်းသားချန်ရှင်းသည်လည်း အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။

"ဟုတ်တယ်.... အဲဒါက လူတွေကို အချိန်တိုအတွင်း စိတ်အနှောင့်အယှက် ဖြစ်စေပြီး အမှန်ကန်ဆုံး စကားတွေကို ပြောနိုင်တဲ့ ဝိညာဉ်စွမ်းအားကို အသုံးပြုထားတဲ့ အထူးနည်းလမ်း တစ်ခုပဲ။ များ​သောအားဖြင့် အင်ပါယာရဲ့ ရာဇ၀တ်မှုဆိုင်ရာ ဥပဒေခန်းမက ဒီလှည့်ကွက်ကို အသုံးပြု​ကြတယ်။ အတင်းအကြပ် မေးခွန်းတွေ ထုတ်တဲ့ နေရာမှာ အရမ်းထိရောက်တယ်။ အကယ်ဒမီက အကြီးအကဲ တစ်ယောက်အနေနဲ့ လုပ်နိုင်လိမ့်မယ်လို့ မထင်ထားဘူး"

ယန့်ဖုံးက ပြောသည်။

သူသည် အင်ပါယာစစ်တပ်၏ လက်ထောက် တပ်မှူးဖြစ်ပြီး အရိပ်အယောင် အချို့ကို မကြာခဏ ပြုလုပ်၍ လေ့လာရ​လေ့ ရှိသည်။

"ဒီလိုနည်းလမ်းရှိတယ်လား?? အစွမ်းထက်လိုက်တာ!"

မင်းသား ချန်ရှင်းသည် ၎င်းကို ပထမဆုံးအကြိမ် ကြားသိခဲ့ရပြီး ချီးကျူးခြင်း မပြုဘဲ မ​​နေနိုင်ခဲ့ပေ။

သူသည် မင်းသားတစ်ပါး ဖြစ်သော်လည်း နောက်ဆုံးအဆင့်သို့ မရောက်သေးလို့ တော်ဝင်မိသားစုရှိ အရာများစွာကို မသိရသေးပေ။

"မင်းတို့ကို အခုမေးမယ်....  ​​မင်းတို့အထဲမှာ အကြီးအကဲလျိုရဲ့ မြေးကို တစ်ယောက်ယောက်က သတ်ခဲ့တာလား?"

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now