Arc 3🗡11🗡 ရွှေတုံးသတ္တုရိုင်း

639 50 0
                                        

Chapter (11) Arc 3
ရွှေတုံးသတ္တုရိုင်း

ခဏအကြာတွင် ကျောက်စိမ်းသေတ္တာ တစ်လုံးကို ထပ်မံ ထုတ်ယူလာပြန်သည်။

သေတ္တာ ခုနကထက် နည်းနည်း သေးသွားသည်။ အရှေ့ကိုရောက်လာပြီး အဖုံးဖွင့်လိုက်တဲ့အခါ အထဲမှာ မြေဆီလွှာအမှုန့် အနည်းငယ်ပဲ ရှိတော့တာ တွေ့ရ၏။

အပြင်ဘက်က ကြည့်ရင်တော့ အခုနက ကျောက်စိမ်းသေတ္တာထဲက မြေမှုန့်တွေနဲ့ အတူတူပင်။ ကြည့်လိုက်ပြီးနောက် လုရွှမ် အနည်းငယ် ပြုံးလိုက်ပြီး

"ဘယ်လောက်လဲ?"

ဒါက အစစ်ပဲ။

"ရှီးယောင်မြေမှုန့်က ရှီးမန်တောင်ရဲ့ အနောက်တောင်ဘက်မှာ ရှိတယ်။ အဲဒါကို ဒီအထိ သယ်ဖို့က ငွေအများကြီး တန်တယ်။ မင်းတကယ်လိုချင်ရင် ရွှေစသန်း ၅၀က စျေးပဲ"

သူဌေးက အနည်းငယ် စိတ်ပျက်သွားပုံဖြင့်။

"ရွှေစသန်း 50? ဒါက ဈေးကြီးလွန်းတယ်!"

လုရွှမ် မျက်မှောင်ကြုတ်လိုက်သည်။

ရှီးမန်တောင်၏ ရှီးယောင်​မြေမှုန့်သည် အလွန် အဖိုးတန်သော်လည်း ရွှေစသန်း ၅၀ ၏ စျေးသည် အနည်းငယ် မြင့်နေသေးသည်။

"သခင်လေး...ဒါက ဈေးမကြီးတော့ဘူးလေ ဒီကနေ အနောက်တောင်နဲ့ ဘယ်လောက်ဝေးလဲ မင်းလည်း သိမှာပါ... သားရဲကောင်တွေကို သုံးပြီး အချိန်နဲ့အမျှ ပျံသန်းနေရင်တောင် ဒီအထိ ပျံသန်းလာဖို့ နှစ်ပေါင်း (၁၀၀) ကျော် အချိန်ယူရလိမ့်မယ်။ ငါတို့ဘိုးဘေးတွေက မရေမတွက်နိုင်အောင် စျေးတွေ ပေးခဲ့ရတာ ဒီဆိုင်မှာတောင် နည်းနည်းလေးပဲ ရတယ်... ဒီဈေးက မမြင့်ဘူး!"

သူဌေးက ပြောသည်။

တိမ်ပင်လယ်နယ်မြေသည် ကျယ်ပြန့်ပြီး အကန့်အသတ် မရှိပေ။ အရှေ့မှ အနောက်သည် ၎င်းတွင် မရေမတွက်နိုင်သော အင်ပါယာများ၊ တိုင်းနိုင်ငံများနှင့် အန္တရာယ်ရှိသော နယ်မြေများ ပါဝင်သည်။ အနောက်တောင်မှ အနောက်သို့ မြေမှုန့်များကို သယ်ယူရာတွင် များစွာကုန်ကျခဲ့ပြီး လူအင်အားနှင့် ပစ္စည်းအရင်းအမြစ် မရေမတွက်နိုင်အောင် ကုန်ကျခဲ့သည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now