Arc 3🗡79🗡မင်းသား၏ ပူးပေါင်းကြံစည်မှု

585 42 0
                                        

Chapter (79) Arc 3
မင်းသား၏ ပူးပေါင်းကြံစည်မှု

လုရွှမ် ပြောတဲ့စကားက အမှန်တရားပါပဲ။ သို့သော် လော့ထောင်း ကြားလိုက်တာနဲ့ သူ့မျက်လုံးထဲက ကြယ်ပွင့်တွေ ထွက်လာတော့သည်။

သူက ဘယ်အဆင့်လို့ ပြောလိုက်တာနဲ့ အဲ့အဆင့်ပဲလို့ ပြောလိုက်တာလား? ဒါဆို ပိုမြင့်တဲ့အဆင့်ကို ရောက်နေပြီဆိုတာ သက်သေပြလိုက်တာပဲ မဟုတ်လား။

တောက်ပနေတဲ့ မျက်လုံးတွေနဲ့ တွေးကြည့်ရင် မယုံနိုင်စရာတွေ ဖြစ်လာသည်။ ဒီအရွယ်မှာ ဒီလိုစွမ်းရည်မျိုး ရှိနေတာ တကယ်ကို ပြင်းထန်လွန်းတာပဲ။

သူ့ကို ဆေးသခင်ချန်တစ်ယောက် ဖိတ်ကြားခဲ့တာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် အကြီးအကဲတွေနဲ့သာ လိုက်ပါနိုင်ခဲ့သူ ဖြစ်လေသည်။

"အစ်ကိုကြီးလုက အရမ်းတော်တာပဲ... ကျွန်တော် အစ်ကိုကို လေးစားတယ်!"

ဒါကိုတွေးပြီး လော့ထောင်း မနေနိုင်ဘဲ ဦးညွှတ်လိုက်သည်။

"အင်း!"

ဒီလူက ဘာလို့ရုတ်တရက် ဒီလိုသဘောထား ရလာမှန်း မသိပေမယ့် လုရွှမ်က သူ့အရင်ဘဝတုန်းက ကမ္ဘာပေါ်မှာ ထိပ်တန်း၌ ရပ်တည်ခဲ့ဖူးပြီး ဘယ်မြင်ကွင်းကိုမှ သူမမြင်ဖူးတာ မရှိဘူး။ ဒါကြောင့် မျက်နှာမှာ အံ့သြတာမရှိသလို ထူးခြားတဲ့ မျက်နှာအမူအရာ လှိုင်းလုံးတွေလည်း မရှိပေ။

လော့ထောင်း၏ မျက်လုံးများထဲတွင် သူက ပို၍ပင် အစွမ်းထက်လာသည်ဟု ခံစားရသည်။ သူတို့နှစ်ယောက် စကားစမြည် ပြောနေကြစဉ် မင်းသား ချန်ရှင်းနှင့် သခင်မဟိုင်ထန်တို့ ဝင်လာခဲ့သည်။

အခန်းထဲ ဝင်လာသည်နှင့် တပြိုင်နက် သူမကို ရိုက်သော ကလေးစုတ် ဘယ်ရောက်သွားသည်ကို ရှာဖွေရန် ကြိုးစား​တော့သည်။

"ဘာမှားလို့လဲ?"

သူမ၏ အသွင်အပြင်ကို မြင်လျှင် မင်းသား ချန်ရှင်းက တည်ငြိမ်စွာ မေး​​လေသည်။

"ကျွန်မဖိတ်စာ ခိုးသွားတဲ့ကောင်ကို ပြန်ရှာနေတာ!"

သခင်မဟိုင်ထန်သည် ဒေါသတကြီး ပြင်းပြင်းထန်ထန် ဟစ်အောင်ရင်း သူမ၏ မုန်းတီးမှုကို ဖော်ပြ​နေသည်။

ပြန်လည်မွေးဖွားလာသော ဧကရာဇ် (book 2) ဘာသာပြန် Where stories live. Discover now